Exit print mode Print Data A+ A- Undo all

The Transporter Refueled (2015)

He Delivers.
The Transporter Refueled (2015)The Transporter Refueled (2015)

Synopsis:

ဒီတစ်ခါတော့စွန့်စားခန်းသည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းသစ်လေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒါကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား Transporter ဇာတ်ကားဖြစ်ပြီး လေးကြိမ်မြောက်ထွက်ရှိလာတာပါ။

တစ်ခုထူးခြားတာကတော့ အဓိက သရုပ်ဆောင်ဂျေဆင် စတက်သမ် နေရာမှာ အက်ဒ်အက်စ်ကရိန်း ပြောင်းသွားတာ ကြောင့် ပုဂ္ဂိုလ်စွဲ ပရိသတ်တွေတော့ ဘဝင်မကျလောက်ပါဘူး။

ဖရန့်မာတင်ဟာ အန္တရာယ်များလှတဲ့ သယ်ယူပို့ဆောင်တဲ့ အလုပ်ကိုလျှော့လုပ်ပြီး အေးအေးလူလူ ဘဝမှာနေချင်ပေမယ့် လည်း စိတ်ကူးတွေ အရာမထင်ခဲ့ပြန်ပါဘူး။ ဖရန့်တို့ သားအဖဟာ ပြင်သစ်နိုင်ငံတောင်ပိုင်းကို အလည်အပတ်ထွက်ဖို့စီစဉ်ခဲ့ကြပေ မယ့် အန်နာဆိုတဲ့ဉာဏ်များပြီး ကလိမ်ကျတဲ့မိန်းကလေးနဲ့ သူ့ လက်ထောက်သုံးယောက်တို့ ဘဏ်ဓားပြတိုက်တဲ့အရှုပ်ထုတ်ထဲ ဖရန့်ဝင်ပါမိရာကနေ အစီအစဉ်ပျက်သွားခဲ့ပါတယ်။

လူဆိုးမလေးတွေအဖွဲ့က ဖရန့်ရဲ့ အဖေကို ပြန်ပေးဆွဲခဲ့ပြီး အန်နာ လက်စားချေချင်နေတဲ့ လူကုန်ကူး ခေါင်းဆောင်တစ်ယောက်ကို သုတ်သင်ဖို့ အစီအစဉ်မှာ ဖရန့်ကိုပါဝင်စေခဲ့ပါတယ်။

Transporter ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း နောက်ဆုံးပေါ် ကားအလန်းကြီးတွေနဲ့ ကားမောင်းတဲ့ပြကွက်တွေက ပရိသတ်ကို ဆွဲဆောင်နိုင်ဦးမှာပါ။ အက်စ်ကရိန်းကလည်း သရုပ်ဆောင်သစ်ဆိုပေမယ့်လည်း အတိုက်အခိုက်မှာ ဂျေဆင်နီးပါး လက်သံပြောင်တာကြောင့် အမြင်တစ်မျိုးစီနဲ့ ကြည့်လို့ကောင်းပါတယ်။

အန်နာရဲ့ပြဿနာဇာတ်လမ်းထဲဝင်ပါမိတဲ့ ဖရန့်လူဆိုး ဂိုဏ်းနဲ့တွေ့တဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမှာလဲ။ ပြန်ပေးဆွဲခံထားရတဲ့ သူ့အဖေကိုကော အန်နာတို့လက်က လွတ်အောင်ကယ်နိုင်မှာလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

ရန်ကုန်က ရုပ်ရှင်ရုံတွေမှာ စက်တင်ဘာ ၁၁ ရက်စပြီး ရုံတင်မှာမို့လို့ အရင် Transporter ကားတွေနဲ့ဘာတွေများ ပြောင်းလဲသွားသလဲဆိုတာ ဝေဖန်ကြည့် ကြပါဦး။

(အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)

File Size – 1.52 GB
Quality – Blu-Ray 1080p 6CH
Running Time – 1hr 36min
Format – mkv
Genre – Action, Adventure, Crime
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – K#/4nt_M1nn_K0

Original title
The Transporter Refueled
Director
Aurelia Fourcaut, Camille Delamarre
Stars
Ed Skrein, Gabriella Wright, Lenn Kudrjawizki, Loan Chabanol, Noémie Lenoir, Radivoje Bukvić, Ray Stevenson, Tatjana Pajković, Wenxia Yu, Yuri Kolokolnikov
Release Date
04 Sep 2015
Rated
PG-13
Runtime
96 min
Awards
N/A
Country
France, China, Belgium
Budget
USD $25 000 000,00
Revenue
USD $72 629 670,00
Popularity
8.618
Status
Released
ID IMDb.com
tt2938956
IMDB Rating
5.2
IMDB votes
35,125
ID Themoviedb.org
287948
TMDb Rating
5.4
TMDb votes
759