၁၉၀၀ပြည့်နှစ်က မီးပြတိုက်အစောင့်သုံးယောက် ထူးဆန်းစွာပျောက်ဆုံးမှု ဖြစ်ရပ်မှန် အကြောင်းအရာကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။
ဒေါ်နယ်၊ ဂျိမ်းစ်နဲ့ သော မတ်စ်တို့သုံးယောက်ဟာ စကော့တလန်နိုင်ငံက လူသူမနီးတဲ့ ဖလန် နန်ကျွန်းက မီးပြတိုက်တစ်ခုမှာ သီတင်းခြောက်ပတ်ကြာ တာဝန်ထမ်းဆောင်ဖို့ ခရီးအတူနှင်ခဲ့ကြ ပါတယ်။
မီးပြတိုက်ကို သူတို့ရောက်ပြီး မကြာခင်မှာပဲ မုန်တိုင်းနဲ့ ကြုံခဲ့ပါတယ်။ ဒီလိုနဲ့မုန်တိုင်းအပြီး သူတို့ရှိနေတဲ့ ကျွန်းနားမှာ လှေတစ်စီးနဲ့ လူတစ်ယောက် ကမ်း တင်နေတာတွေ့ခဲ့ပါတယ်။ အဲဒါနဲ့သူတို့ထဲက အသက်အငယ်ဆုံးဒေါ်နယ်က ကျောက်ဆောင်ပေါ်ကနေ လှေရှိတဲ့နေရာအထိသွားပြီး လှေပေါ်ကလူကို စစ်ဆေး ကြည့်တဲ့အခါ အသက်မရှိတော့ ဘူးဆိုတာ တွေ့ခဲ့ပါတယ်။ သေပြီလို့ထင်ခဲ့ပေမယ့် အဲဒီလူရုတ် တရက်သတိရလာပြီး ဒေါ်နယ်ကို ရန်ပြုတာကြောင့် တုံ့ပြန်ရင်း အဲ ဒီလူသေသွားခဲ့ပါတယ်။
လှေပေါ်မှာ သေတ္တာကြီး တစ်ခုပါတာမို့ မီးပြတိုက်ဆီကိုယူသွားပြီး ဖွင့်ကြည့်လိုက်တဲ့အခါ ရွှေချောင်းတွေ အများကြီးပါတာ တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ အလောင်းကို ဖျောက်ဖျက်၊ ရွှေချောင်းတွေ အညီအမျှခွဲဝေယူ၊ နေရပ်ပြန်ပြီးနေဖို့ သောမတ်စ်က စဉ်းစားခဲ့ပါ တယ်။
မကြာခင်မှာပဲ သူတို့ရဲ့ မီးပြတိုက်ဆီကို အရင်လှေမှာပါတဲ့ သူရဲ့ အပေါင်းပါနှစ်ယောက်က လှေတစ်စီးနဲ့ ထပ်ရောက်လာပြီး ပျောက်သွားတဲ့ သူတို့လူနဲ့ ပတ်သက်လို့ လာစုံစမ်းခဲ့ပါတယ်။ သောမတ်စ်တို့ သုံးယောက်ဟာ လိမ်ညာနေတဲ့ ပုံစံမျိုးမို့ သူစိမ်းနှစ်ယောက်က ညဘက်မှာမီးပြတိုက် ကို ထပ်လာတဲ့အခါ အပြန်အလှန် တိုက်ခိုက်ရင်း သူစိမ်းနှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဒီလိုတွေဖြစ်ပျက်အပြီး မီးပြတိုက်နားမှာ တခြားသူစိမ်းတစ် ယောက်ရှိနေတယ်ဆိုပြီး သော မတ်စ်တို့သုံးယောက် မှောင်ကြီး မည်းကြီးထဲ လိုက်လံရှင်းလင်းခဲ့ ပြီး သေချာကြည့်လိုက်တဲ့အခါ လူငယ်လေးတစ်ယောက် ဖြစ်နေ တာတွေ့ခဲ့ပါတယ်။
မီးပြတိုက်ကျွန်းပေါ်မှာ လှေပေါ်ကလူကစလို့ရှိနေတဲ့ အ လောင်းလေးလောင်းကို ပင်လယ်ထဲ မျှောပစ်အပြီးမှာတော့ သောမတ်စ်၊ ဒေါ်နယ်နဲ့ ဂျိမ်းစ်တို့သုံးယောက်ဟာ ရွှေချောင်းတွေသယ် ပြီး ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ပါ တယ်။
ရွှေချောင်းသေတ္တာကြီးကို သယ်ပြီး သောမတ်စ်တို့သုံး ယောက် ဘယ်ကို ထွက်ပြေးကြမှာလဲ၊ ခင်မင်မှုနောက်က လောဘကပ် တွယ်လာတဲ့အခါ ဘယ်လိုအပြောင်းအလဲတွေဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားဖို့ ဖော်ပြလိုက် ပါတယ်။
ဒီဇာတ်ကားမှာ Gerard Butler, Peter Mullan၊, O’lafurDarri O’lafsson, Connor Swindells တို့အဓိက သရုပ် ဆောင်ထားပါတယ်။
အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
File Size – 1.7 GB
Quality- Blu Ray 1080p 6CH
Running Time – 1hr 47min
Format – mkv
Genre – Drama, Mystery, Thriller
Subtitle – Myanmar (Hard Sub)
Translator – Aung Myint Oo
Encoded By – Dean