The Wolf of Wall Street ဆိုတဲ့
ဇာတ်လမ်းဟာ ငွေကြေးဈေးကွက်ရဲ့
အရှုပ်ထုတ်တွေကို သတိပေးရာမှာ လူသိများသလို
ရသပိုင်း အရလည်း အတော်လေး
ကြည့်လို့ကောင်းပါတယ် ။
အဲ့ ရုပ်ရှင်ကို လူအတော် များများလည်း
ကြည့်ပြီးလောက်မှာပါ ။
Jordan Belfort ဟာ ၁၉၈၇ ခုနှစ်တုန်းက စတော့ရှယ်ရာ ရောင်းတဲ့ ပညာသင် ပွဲစားပေါက်စလေးပါ။ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကမ္ဘာ့စီးပွားရေးရဲ့ ဗဟိုချက်မ Wall Street က စတော့ပွဲစားကုမ္ပဏီကြီး တစ်ခုမှာ အလုပ်ဝင်လုပ်ပါတယ်။ သူ့ရဲ့ အလုပ်ရှင် Mark Hanna က သူ့ကို အောင်မြင်ရေး လမ်းကြောင်းတွေ သင်ကြားပေးခဲ့သလို လိင်ကိစ္စနဲ့ ကိုကင်းသုံးစွဲဖို့လည်း အဖော်စပ်ခဲ့ပါတယ်။ ဒါပေမယ့် လိုင်စင်ရပွဲစားအဖြစ် အောင်မြင်လာတဲ့ Belfort အတွက် တစ်နှစ်မပြည့်ခင်မှာပဲ ကြမ္မာဆိုးတွေ ဆိုက်ကပ်လာပါတယ်။ ၁၉၈၇ ခုနှစ် အောက်တိုဘာ ၁၉ မှာ အလွန်ကျော်ကြားတဲ့ Black Monday အဖြစ်နဲ့ ကြုံတွေ့ရပြီး သူ့ရဲ့ ကုမ္ပဏီလည်း ပြိုကွဲသွားခဲ့ပါတယ်။
ဒါပေမယ့် ဇနီးဖြစ်သူ Teresa ရဲ့ အားပေးမှုနဲ့ Belfort ဟာ Long Island က စတော့ပွဲစားလုပ်ငန်း အသေးစားလေးတစ်ခုမှာ အလုပ်ဝင်လုပ်ပါတယ်။ Wall Street မှာ အရောင်းအ၀ယ် မဖြစ်တဲ့ စတော့ပေါက်စိကွေးလေးတွေကို အရောင်းအ၀ယ်လုပ်ရတဲ့ ဒီပွဲစားလုပ်ငန်းလေးတွေဟာ Wall Street မှာတောင် မရနိုင်တဲ့ ပွဲခရာခိုင်နှုန်း မြိုးမြိုးမြက်မြက်လေးတွေ ရနေတာကြောင့် Belfort တစ်ယောက် အလုပ်ကို အာရုံစိုက်ပြီး စိတ်ဝင်တစား လုပ်ခဲ့ပါတယ်။ သူ့ဝင်ငွေက တခြားသူတွေထက် သာလွန်နေတာကြောင့် ပရိဘောဂဆိုင်မှာ အလုပ်လုပ်တဲ့ Donnie Azoff ဟာ သူ့ဆီမှာ တပည့်ခံလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး Stratton Oakmont ဆိုတဲ့ စတော့ကုမ္ပဏီတစ်ခု ထူထောင်လိုက်ကြပါတယ်။ သူတို့ရဲ့ ပထမဆုံး အဖွဲ့ဝင်တွေအဖြစ် ဆေးခြောက်ရောင်းတဲ့ လူတွေကို စုစည်းပြီး အလုပ်ခန့်လိုက်ပါတယ်။
တကယ်တော့ သူ့ရဲ့ နည်းစနစ်ဟာ ရိုးရှင်းပါတယ်။ ၀ယ်သူကို လှိမ့်လုံး၊ မက်လုံး၊ ခြောက်လုံးတွေနဲ့ လိမ်ညာပြီး စတော့တွေ ဒလကြမ်းခုန်တက်အောင် အချွန်နဲ့ မပေးလိုက်တာပါ။ ဒါကို သတိထားမိတဲ့ FBI က သူ့ရဲ့ လုပ်ငန်းကို မျက်စိဒေါက်ထောက် လိုက်ကြည့်ပါတော့တယ်။ တစ်ဖက်ကလည်း Forbes မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ပုဒ်မှာ သူ့ကို Wolf of Wall Street လို့ နာမည်တပ်လိုက်တာကြောင့် ရည်မှန်းချက်ကြီးတဲ့ လူငယ်အများအပြားဟာ သူ့ဆီမှာ လာရောက် အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။
သူ့ရဲ့ ရုံးခန်းတစ်ခုလုံးဟာ လိင်မှုကိစ္စတွေ၊ မူးယစ်ဆေးတွေနဲ့ ရှုပ်ထွေးနေပြီး လုပ်ငန်းကလည်း တရားမ၀င်အလုပ်တချို့ကို ဆောင်ရွက်နေတာကြောင့် FBI အေးဂျင့် Patrick Denham ဟာ သူ့ရဲ့ လုပ်ငန်းကို အသေးစိတ် ထောက်လှမ်းပါတော့တယ်။ ဒီအချိန်မှာပဲ Belfort ဟာ အင်္ဂလိပ်သွေးပါတဲ့ မော်ဒယ် Naomi Lapaglia နဲ့ ဆုံတွေ့မိပြီး Teresa နဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ရပါတယ်။ Naomi နဲ့ အိမ်ထောင်သစ် ထူထောင်လိုက်တဲ့ Belfort အတွက် ကံကြမ္မာဟာ သူ့ဘက်က ရှိနေပါဦးမလားဆိုတာ …
အညွှန်း Credit:::
Translator — Ye’ Ye’
Encoder — Amralime