ဒစ္စနေးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ သိပ္ပံ စွန့်စားခန်းရုပ်ရှင်သစ်လေး ပရိသတ်တွေ စိတ်ဝင်စားမယ်ထင် လို့ ရွေးချယ်ဖော်ပြလိုက်ပါတယ်။ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဆီကို T ပုံသဏ္ဌာန်ရင်ထိုးတစ် ခုရောက်လာပြီး စက်ရုံတွေ၊ ယာဉ်ပျံတွေရှိတဲ့ အံ့မခန်းထူးခြား ဆန်းကျယ်တဲ့ နေရာတစ်ခုကို ရောက်သွားတဲ့အကြောင်း စိတ် ကူးယဉ်ဆန်ဆန်ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။
၁၉၆၄ ကာလက ဖရန့်ဝေါ့ ကာဟာ နယူးယောက်က သိပ္ပံပြ ပွဲတစ်ခုကိုသွားရင်း ဒေးဗစ်နစ်ဆို သူလူကြီးတစ်ယောက်ရယ်၊ အေသန်နာဆိုတဲ့ မိန်းကလေးနဲ့ သိကျွမ်းခဲ့ပြီး အေသန်နာက T ပုံသဏ္ဌာန်ရင် ထိုးတစ်ခုလက် ဆောင်ပေးခဲ့ပါတယ်။ အေသန်နာက သူနဲ့အတူ ကမ္ဘာသစ်တစ်ခု ဆီကိုလိုက်ခဲ့ဖို့ခေါ်တာကြောင့် T ရင်ထိုးကိုကိုင်လိုက်တာနဲ့ စက်ရုပ် တွေ၊ ယာဉ်ပျံတွေနဲ့ အာကာသ အဆောက်အအုံတွေရှိတဲ့ Tom-orrowland ကိုရောက်ခဲ့ပါတော့ တယ်။ နှစ်အနည်းငယ်ကြာတဲ့အခါမှာ သိပ္ပံပညာကိုစိတ်ဝင်စားတဲ့ ကေစီနယူတန်ဟာ သူ့အဖေအက် ဒီအလုပ်လုပ်တဲ့ နာဆာဒုံးလွှတ် စခန်းထဲကို ခိုးဝင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။ ရဲစခန်းက ပြန်တဲ့အခါ သူ့ကိုယ်ပိုင်ပစ္စည်း တွေပြန်ပေးတဲ့အထဲ T ရင်ထိုး တစ်ခုပါလာခဲ့ပါတယ်။ အဲဒီရင် ထိုးကို ကိုင်လိုက်တာနဲ့ ထူးဆန်း တာတွေရှိရာ Tomorrowland ကို ကေစီရောက်သွားခဲ့ပါတယ်။ ဒီရင်ထိုးတံဆိပ်နဲ့ ပတ်သက်ပြီး ကေစီတစ်ယောက် အချက်အလက်တွေ ရှာဖွေနေတုန်း တစ် ရက်မှာ စက်ရုပ်မိန်းကလေး အေ သန်နာပေါ်လာခဲ့ပြီး အရင်က Tomorrowland ကိုရောက်ဖူးတဲ့ ဖရန်ဝေါ့ကာရဲ့အိမ်ကို ပို့ခဲ့ပါ တယ်။
ဒါပေမဲ့လည်း ဖရန့်က ကေ စီ့ကိုမောင်းထုတ်ခဲ့ပေမယ့် ကေစီ က တစ်ညလုံးထိုင်စောင့်နေခဲ့ပြီး အိမ်ထဲကိုခိုးဝင်ခဲ့ပါတယ်။ ဖရန့် က ကမ္ဘာကို စက်ရုပ်တွေရန်က ကာကွယ်ဖို့အတွက် တီထွင်ကြံဆ နေသူပါ။ ကမ္ဘာကိုဖျက်ဆီးချင် တဲ့ စက်ရုပ်အဖွဲ့က အမေရိကန် သူလျှိုအဖွဲ့ ယောင်ဆောင်ပြီး ကေစီနောက်ကိုခြေရာခံလိုက်ခဲ့ တာကြောင့် ဖရန့်နဲ့ ကေစီတို့အတူ တူထွက်ပြေးခဲ့ရပါတယ်။ အဲဒီနောက် အေသန်နာနဲ့ပြန်ဆုံခဲ့ပြီး Tomorrow-land ကိုသွားခဲ့ကြပါတယ်။ ဖရန့်ငယ်ငယ်က ဆုံခဲ့တဲ့ ဒေးဗစ်နစ်က Tomorrowland ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ Tomorrowland ဟာ အနိဋ္ဌာရုံမြင်ကွင်းတွေနဲ့ဖြစ်နေပါပြီ။ အဲဒီနောက် နစ်က ဖရန့် ကိုရန်ပြုဖို့လုပ်တဲ့အခါ အေသန်နာက ဝင်ခံလိုက်တာကြောင့် အေသန်နာ သေနတ်မှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။