ကဲ အခုမိတ်ဆက်ပေးမှာကတော့ Mad Max, Atomic Blonde, Snow White and the Huntsman တို့အပြင် Fate of the furious အစရှိတဲ့ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Charlize Theron အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Drama ကားအသစ်လေးပါ
အကြမ်းအရမ်းပိုင်တဲ့ ထိုမင်းသမီးဟာ ဒရမ်မာကိုလည်း ရှယ်ပိုင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
မာလိုတို့ မိသားစုလေးမှာ ရှစ်နှစ်အရွယ် သမီးကြီးဆယ်ရာရယ်
အော်တစ်ဇင်ဖြစ်နိုင်ချေရှိတဲ့ သားလတ် ဂျိုနာရယ်
အလုပ်အမြဲရှုပ်ပြီး ခရီးတွေခဏခဏထွက်ရတဲ့ ခင်ပွန်းသည်ဒရူးတို့ပါဝင်ပါတယ်
မရည်ရွယ်ပဲ တတိယကိုယ်ဝန်ရရှိပြီး သမီးထွေးလေး မီယာကို မွေးဖွားပြီးတဲ့အခါမှာတော့ မာလိုတစ်ယောက် နေ့တိုင်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရရှာပါတယ်…
မာလိုရဲ့ မောင်ပေးတဲ့ အကူအညီနဲ့အတူ တယ်လီလို့ အမည်ရတဲ့ ညကလေးထိန်းတစ်ယောက် သူတို့အိမ်ကိုရောက်လာတဲ့အခါမှာတော့…
အမြဲတမ်းပျော်ရွှင်တက်ကြွပြီး ဗဟုသုတကြွယ်တဲ့ တယ်လီကြောင့် မာလို့ဘဝလေး ပြန်စိုပြေလာပါတော့တယ်..
ဒါပေမယ့် တယ်လီဆိုတာက…
Plot Twist အကြီးကြီးပါဝင်ပြီး မိခင်တစ်ယောက်ရဲ့ဘဝဟာ ဘယ်လောက်ပင်ပန်းလဲဆိုတာ ရိုက်ကူးပြသထားပါတယ်
အညွန်းကို CM မှယူပါတယ်