Burmese Subtitle
Web-Rip 1080p Until Forever (2016)
Report error

Until Forever (2016)

Until Forever    

UNRATED 100 min DramaRomance

6.4
IMDB: 6.4/10 303 votes

, , , , , ,

2 nominations.

USA

69

Report error

IMDB — 6.3/10

Michelle Larson အဖြစ် မင်းသမီးချောချောလေး Madison Lawor သရုပ်ဆောင်ထားပါတယ်
မင်းသားကိုတော့ ထည့်ပြောမနေတော့ဘူး ကွကိုရှာကြည့်ပါ အယ့်လယ်

ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်ကို အခြေပြုပြီးရိုက်ကူးထားတာပါ
ဟုတ်ပါတယ် ဒီဇာတ်လမ်းရဲ့ နောက်ဆုံးမှာ အပြင်မှာတကယ်ဖြစ်ခဲ့တာကို ရိုက်ကူးထားတဲ့ Video ဖိုင်လေးထည့်ပေးထားပါတယ်

ဇာတ်ညွန်း
*****

Michael Boyum ဆိုတဲ့ကောင်လေးရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းလေးပါ
သူကိုးကွယ်တဲ့ ဘုရားသခင်အပေါ်မှာ အပြည့်အ၀ကို ယုံကြည်ထားတယ်
ပြောရမယ်ဆိုရင် ဘုရားတရားကိုင်းရှိုင်းတဲ့လူတစ်ယောက်ပေါ့

Michelle Larson ဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့မိသွားကြရာကနေ
မြင်မြင်ချင်း ချစ်စိတ်တွေ ပေါက်ဖွားလာကြတယ်(Puppy Love)

ဒီလိုနဲ့နောက်ပိုင်း ရည်းစားတွေဖြစ်ပြီး တရားဝင်တွဲကြတယ်
လူတိုင်းကလည်း သူတို့အတွဲကို သဘောတူကြတယ် အားကျကြတယ်

ဒါပေမယ့် အဖက်ဖက်က ပြောစရာမရှိလောက်အောင်ကို ပြည့်စုံနေပေမယ့်
ရောဂါကံကြမ္မာဆိုး တစ်ခုက တံခါးမခေါက် တုန်းမခေါက်ပဲ ၀င်လာခဲ့တယ် အယ့်လယ့်

ဒီဇာတ်ကားမှာ လေးစားစရာကောင်းတဲ့သူက Michelle Larson ပါပဲ

ကျွန်တော်တွေ့ဖူးတဲ့ မိန်းကလေးတွေအများစုကတော့

ပိုက်ဆံကို ကြည့်ကြတာများတယ်

ရုပ်မချောရင်နေပါစေ ဥစ္စာပေါရင် ရပြီ

သွားမပါရင်နေပါစေ ကားပါရင်ရပြီ ဆိုတဲ့သူတွေကြည့်ပဲ

ဒီဇာတ်ကားကို ဘာသာပြန်နေရင်း ကျွန်တော်မယုံသေးဘူး Michelle Larson ကို

သူ့ရဲ့အချစ်က အဲ့လောက်တောင်ပဲလားပေါ့

ဒီဇာတ်ကားဒါရိုက်တာက လုပ်ကြံပြီး ရိုက်ထားတာပေါ့ အဲ့ဒါနဲ့ အဆုံးသတ်လည်းရောက်ရော
အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ သက်သေ Video ဖိုင်လေးကိုထည့်ပေးထားတယ် အဲ့ဒါလေးကြည့်ကြည့်တော့မှ

တကယ်လေးစားသွားတယ်
စဉ်းစားကြည့်လေဗျာ

ရည်းစားသက်တမ်းပဲရှိသေးတဲ့ လူတစ်ယောက် သွေးကင်ဆာဖြစ်နေတဲ့ လူတစ်ယောက်
သေလုနီးပါးဖြစ်နေတဲ့ လူတစ်ယောက်ကို သူ့အနေနဲ့
မင်္ဂလာဆောင်ပြီး ခင်ပွန်းယောကျာ်းအဖြစ် ကျန်ရှိနေသေးတဲ့ Michael Boyum ရဲ့သက်တမ်းမှာ
ပျော်ရွင်အောင်ထားပေးနိုင်ခဲ့တယ်

တော်ရုံတန်ရုံမိန်းကလေးတစ်ယောက်
ရှင့်ကိုမှ အရမ်းချစ်ပါတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ကိုမေးကြည့်ပါ

တကယ်လို့များ ကိုယ့်မှာရောဂါတစ်ခုခံစားနေရပြီး သေခံနီးဖြစ်နေရင်ရော်
ချစ်ဦးမှာလားလို့

အရင်လိုပဲ ကိုကို လို့ ခေါ်ဦးမှာလား
မောင် လို့ ခေါ်ဦးမှာလား ဒါမှမဟုတ် တခြားတစ်ယောက်ပြောင်းသွားမှာလား ဆိုတာတော့ ကွကိုယ်ပဲစမ်းကြည့်ကြပေါ့
ကျွန်တော်က အကြံပေးရုံသက်သက်ပါ
ဖြစ်လာတဲ့ ပြသာနာကိုတော့ တာဝန်မယူပါဘူး

Do at your Own Risk ပါပဲ

Michael Boyum ကလည်းပြောပါသေးတယ်

မင်းကိုယ်နဲ့ လက်ထပ်ရင် မင်းဘ၀အတွက် အာမခံရမှာမဟုတ်ဘူးနော်
မင်းနဲ့အတူ ရှိနေပေးနိုင်မယ့် သူတစ်ယောက်ကိုပဲ လက်ထပ်လိုက်ပါ
မင်းဘ၀လေး အဆင်ပြေအောင်လို့ပါ

လို့ပြောပေမယ့်လည်း Michelle Larson ကသူ့ရဲ့အချစ်တွေဟာ အပေါ်ယံကြက်ဥအကာမဟုတ်ကြောင်း
ငွေကိုမက်ပြီး ရည်းစားထားတာမဟုတ်ကြောင်း ဒီလိုပြသာနာတွေဖြစ်လာမှ ချောင်ပြေးတတ်တဲ့သူမဟုတ်ကြောင်း
သက်သေပြသွားနိုင်ခဲ့တယ်

နောက်ဆုံးပိုင်းမှာပြောခဲ့တဲ့စကားလေး တစ်ခွန်းကိုသဘောကျတယ်
ယောကျာ်းလေးတိုင်းရဲ့အိပ်မက်တစ်ခုလိုပေါ့

“Marry Me” တဲ့ Michelle Larson ဘက်ကပြောလိုက်တဲ့စကားလေးတစ်ခွန်းကြောင့်

Michael Boyum က ဆွံ့အသွားခဲ့တယ်

ဘာပဲဖြစ်ဖြစ် Michelle Larson ကို ကျွန်တော် ဒီဇာတ်ကားလေးနဲ့ လေးစားသမှုပြုလိုက်ရပါတယ်

ထပ်ညွန်းပါရစေ ကြည့်ဖြစ်အောင် ကြည့်ပေးပါ

ဘယ်သူတွေကြည့်သင့်လဲဆိုတော့
**********************

> မိမိနဲ့ ခံစားချက်ချင်းတူတဲ့သူတွေ
> လက်ရှိ မိမိက စောင် FA ဖြစ်နေတဲ့သူတွေ
> လက်ရှိမှာ RS ရှိပြီး သူတို့လိုဖြစ်ရင်ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို သိချင်တဲ့သူတွေ
> လက်ရှိမှာ LDRS ဖြစ်နေပြီး လွမ်းနေရပါတယ် ဆွေးနေရပါတယ်ဆိုတဲ့သူတွေ
> ယခုလက်ရှိအခြေအနေမှာ ရှိနေတဲ့ ရည်းစားလေးနဲ့ သက်ဆုံးတိုင် ပေါင်းသင်းသွားပါ့မယ်
ဘာတွေပဲဖြစ်လာဖြစ်လာ ရင်ဆိုင်မယ်ဆိုတဲ့ သူတွေ

အညွှန်းနဲ့ ဘာသာပြန်သူကတော့ Sai Wunna ဘဲဖြစ်ပါတယ်။

File Size – 1.7GB , 666.2MB
Quality – WEB-RIP 1080P, WEB-RIP 720P
Running Time – 1h 40min
Format – mp4
Genre – Drama, Romance
Translator – Sai Wunna
Encoded By – Burmese Subtitle Team

Until Forever (2016)
No downloads available

Related movies