Burmese Subtitle
Web-DL 1080p Vodka Diaries (2018)
Report error

Vodka Diaries (2018)

Vodka Diaries    

N/A 120 min MysteryThriller

5.7
IMDB: 5.7/10 626 votes

, , , , , , , ,

N/A

India

435

Report error

အောင်မြင်ကျော်ကြားနေတဲ့လူတစ်ချို့ဟာ သူတို့အလုပ်ကိုပဲအာရုံနှစ်ထားလို့မိသားစုအပေါ်အချိန်မပေးနိုင်ကြဘူး

အထူးသဖြင့်ကိုယ့်အချစ်ကိုယ်ဥပေက္ခာပြုတဲ့ပုံစံမျိုးပေါ့

အနားမှာရှိတုန်းတန်ဖိုးမထား၊ ဆုံးရှုံးသွားတဲ့အခါကျမှစွဲလမ်းမှုပေါ်လာတဲ့စာရေးဆရာတစ်ယောက်…

“အချစ်ဆိုတာဘာလဲ?…အချစ်ဆိုတာဘာလဲ?”

“လောင်မီးတွင်း၌ဝင်သက်ရှု”
“မျက်ဝန်းအတွင်းအောက်မေ့”
“စွဲလန်းသည့်စိတ်”
“ရင်ခုန်သည့်နှလုံးသား”

ကဗျာစာသားအရအနက်အဓိပ္ပာယ်ဖွင့်ပေးတာဆိုပေမယ့် ကိုယ်လည်းဒီလောက်နားလည်တာမဟုတ် :3

ဒီကားက 2018 အစောပိုင်းထွက် IMDB 5.7/10 ရထားတဲ့ကားတစ်ကားပါ

ဒီဇာတ်လမ်းမှာ စိတ်ပညာနှင့်ဆိုင်တဲ့ psycho ပိုင်း၊ မှုခင်းနှင့်ဆိုင်တဲ့ criminal ပိုင်း၊ လျှို့ဝှက်ဆန်းကြယ်ပြီးသည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ thriller, mystery စတဲ့ ရသအစုံအလင်ခံစားရမှာပါ

Bollywood ပေါကားတချို့လိုမဟုတ်ပဲ ဇာတ်သိမ်းပိုင်းထိစိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြသွားပါတယ်
********************************

ဇာတ်လမ်းအကျဉ်းနည်းနည်းပြောပါမယ်

ဒီဇာတ်လမ်းမှာ မတူညီတဲ့ဇာတ်ကောင်နှစ်ယောက်ရှိပါတယ်

တစ်ယောက်ကစာရေးဆရာ Rishi Gautam နဲ့
နောက်တစ်ယောက်ကတော့ စုံထောက် Ashiwini Dixit ပါ

Voda Diaries ဆိုတဲ့ကလပ်တစ်ခုမှာလေးလောင်းပြိုင်လူသတ်မှုနဲ့အစပျိုးပါတယ်

– ဟော်တယ်ခန်းထဲမှာသေဆုံးတဲ့ Meghna
– ရေခဲသေတ္တာထဲအိပ်ပျော်ရင်းသေဆုံးတဲ့ Ronny
– အပင်မှာတွဲလောင်းချိတ်အသတ်ခံရတဲ့ Vivik Rajput
– ကလပ်အပြင်ဘက်မှာနှင်းတွေဖုံးပြီးအသတ်ခံရတဲ့ Nikhil

လူသတ်မှုအားလုံးက Voda Diaries မှာဖြစ်ခဲ့တယ်

လေးလောင်းပြိုင်လူသတ်မှုဖြစ်ပြီးတော့ ACP Ashiwini Dixit ကိုဖုန်းနဲ့ခြိမ်းခြောက်စကားပြောခဲ့တယ်

ACP ရဲ့ဇနီး Shikha နဲ့ခြိမ်းခြောက်စကားဆိုခဲ့တယ်

ACP အိမ်ရောက်သွားတော့လည်း Shikha အိမ်မှာမရှိတော့ဘူး

ခြိမ်းခြောက်မှုခံရပြီးနောက်တစ်နေ့ Vodka Diaries မှာအပြောင်းအလဲတွေဖြစ်နေပါတယ်

လေးလောင်းပြိုင်လူသတ်မှုမှာအသတ်ခံရတဲ့ လူလေးယောက်စလုံးဟာ နောက်တစ်နေ့မှာအသက်ရှင်လျက် ACP မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတယ်

Vodka Diaries ကြီးပြောင်းလဲသွားတာ ဖုန်းနဲ့ခြိမ်းခြောက်တဲ့သူရဲ့လက်ချက်ပဲလား

ဇနီးဖြစ်သူ Shikha ပျောက်သွားတာရော ACP ကိုတမင်သက်သက်ရည်ရွယ်တာပဲလား

စာရေးဆရာ Rishi Gautam ကကော ACP Ashiwini Dixit နဲ့ဘယ်လိုပတ်သက်လဲဆိုတဲ့မေးခွန်းတွေရဲ့အဖြေကိုသိချင်ရင်တော့ ဒီဇာတ်လမ်းလေးသာအဆုံးထိကြည့်ပေးဖို့တိုက်တွန်းပါတယ်ဗျာ

 

အညွန်းနဲ့ ဇာတ်ကားကို ဘာသာပြန်ပေးထားသူကတော့ HeinDevil ဖြစ်ပြီး

Sai Wunna မှကုဒ်ပြီး တင်ဆက်ပေးထားပါတယ်

 

File Size – 1.09 GB
Quality – 1080p Web-DL
Running Time – 1 hr 45 Min
Format – mkv
Genre – Mystery, Thriller
Subtitle – Myanmar (Hard Sub)
Translator – HeinDevil
Encoded By – Sai Wunna[Nokime Kugachichiki]

Vodka Diaries (2018)
No downloads available

Related movies