Burmese Subtitle
BluRay 1080p 6CH WALL·E (2008)
Report error

WALL·E (2008)

WALL·E    

G 98 min AdventureAnimationFamily

8.4
IMDB: 8.4/10 899,592 votes

, , , ,

, , , , , , , , ,

Won 1 Oscar. Another 89 wins & 90 nominations.

USA

173

Report error

ကျွန်တော်တို့အားလုံး အချစ်ဆိုတာကို စိတ်ကူးနှလုံးသားထဲမှာ
စတင်တည်ဆောက်ကြပြီဆိုရင် ချစ်လှစွာသော အသံကလေး။ချစ်လှစွာသော မျက်နှာကလေး။ချစ်လှစွာသော ခန္ဓာကိုယ်ကလေး စလို့ အဲဒီလိုပဲ ရေးဖွဲ့ခဲ့ကြ။တွေ့ထိခံစားခဲ့ကြတာပဲ မဟုတ်လား။

ချစ်ခြင်းမေတ္တာတရားရဲ့ အတိမ်အနက်ကို လှပသော မြင်ကွင်းသဏ္ဍာန်တွေပဲ မြင်ယောင်စွဲနစ်မိခဲ့ကြတာပဲ မဟုတ်ပါလား။

အချစ်ရဲ့သဘောတရားကလည်း အထက်ကပြောခဲ့တဲ့ အရာတွေပါရှိမှသာ လှပမယ် အဓိပ္ပါယ်ရှိလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြတာပါပဲ။

Wall-E ရုပ်ရှင်ကားမှာ သိပ်ချောသိပ်လှတဲ့ ကာတွန်းရုပ်ကလေးတွေတောင် ပါမလာဘူး။အမှို က်သိမ်းစက်ရုပ်ကလေးနဲ့ ထောက်လှမ်းရေးစက်ရုပ် (ဒီနေရာမှာ ဖို/မလို့ လိင်ခွဲလို့လည်း ရမယ်မထင်။ခွဲခြားရအောင်လည်း သူတို့က ပရိုဂရမ်နဲ့ဖန်တီးထားတဲ့ အရာတွေဆိုတော့ Eve ဆိုတဲ့ နာမည်ပေးထားချက်အရပင် ထောက်လှမ်းရေးစက်ရုပ်ကလေးကို မိန်းကလေးလေးတစ်ယောက် ကမ္ဘာ့မြေပေါ်အတွက် ပထမဆုံး ပေါ်ထွက်လာခဲ့တဲ့ ဧဝလို့ပဲ မှတ်ယူလိုက်ကြပါစို့ )

Wall-E လေးနဲ့ ဧဝတို့ရဲ့ အချစ်အကြောင်းကလေးပေါ့။သူတို့ရောက်ရှိနေရတဲ့ကမ္ဘာကြီးက သိပ်ပြီးထူးခြားလှတယ်။အခုခေတ်ထက် ရှေ့ရောက်နေပြီ။အဲဒီလိုမျိုး ရှေ့ကိုရောက်သထက်ရောက်အောင် လူသားတွေက အပြို င်အဆိုင်ပြု မူကြလို့နဲ့တူပါရဲ့။သိပ္ပံနည်းပညာထွန်းကားလာတာနဲ့ အမျှ လူသားတွေရဲ့ စိတ်ပင်ပန်းနွမ်းနယ်မှု တွေဟာ အရင်ကထက် ပိုမိုအသုံးပြု စရာ မလိုတော့ဘူး။ဖန်တီးထားကြတဲ့အသုံးအဆောင်တွေကြားထဲမှာပဲ အသာဇိမ်ခံရုံပဲ။စိတ်အာရုံကနေ အသာလေး တောင့်တရုံပဲ။ချက်ချင်းလိုတာရလာတယ်။အဲလိုတွေ စက်ကိရိယာတွေ အပြို င်အဆိုင်လုပ်ကြတော့ ကမ္ဘာကြီးရဲ့ အဆုတ်ပြွန်တွေ အသက်ရှု လမ်းကြောင်းတွေဟာ ဘယ်ခံနိုင်တော့မလဲ။လူတွေက ဒီစက်တွေကပေးစွမ်းတဲ့သာယာမှု တွေအပေါ်မှာပဲ မိန်းမောကုန်ပြီလေ။

ကမ္ဘာကြီးခမျာမှာတော့ ပင်ပင်ပန်းပန်းနဲ့ နှစ်ရှည်လများဖန်ဆင်းစိုက်ပျိုးလာခဲ့ရတဲ့ သစ်ပင်။တောတောင် ရေမြေတွေ။သန့်ရှင်းအောင် ထုတ်လွှင့်ပေးရတဲ့ လေပြည်သွေးကလေးကို သူတို့က ဂရုပြု ရကောင်းမှန်းမသိကြတော့ဘူး။ဒီစက်တွေကြားမှာပဲ ဘဝထင်နေကြတော့ ကမ္ဘာကြီးခမျာ မျက်ရည်ဖြို င်ဖြို င်ကျ ကြေကွဲနာကျင်ခဲ့ရရှာပြီ။

အခုတော့ ကမ္ဘာကြီးက လူသားတွေစွန့်ပစ်လို့ကျန်ခဲ့တဲ့ စက်ပစ္စည်း အမှို က်သရိုက်တွေနဲ့ အဆောက်အဦပျက်တွေသာရှိတော့တယ်။သူတို့အသုံးချဖို့ သက်သက်ဖန်တီးခဲ့တဲ့ ဝေါ-အီးလို့ အမည်ရတဲ့ အမှို က်သိမ်း စက်ရုပ်ကလေးပဲ ကျန်ခဲ့တော့တယ်။

ဝေါ-အီး အလုပ်က ပုံမှန်ပါပဲ။မနက်ရောက်ရင် အမှို က်သိမ်းမယ်။ပြီးရင် သူ့အိမ်ကလေးထဲ ပြန်လာ။အတိတ်ကလူသားတွေထားခဲ့တဲ့ ရုပ်သံဖိုင်တွေ ပြန်ကြည့်ပြီး ။သီချင်းကလေးတွေနားထောင် ။

သူ့အိပ်မက်ထဲမှာတော့ ဘယ်အချိန် ရောက်လာမယ်မှန်းမသိ မျှော်လင့်နေရတဲ့ လက်ကလေးတစ်ဖက်ကို အိပ်မက်မက်လို့ပေါ့။

ဝေါ အီးဟာ အချစ်ရဲ့သင်ကြားမှု ကြောင့် အထီးကျန်ဆန်လှတဲ့ သူ့ဘဝထဲကို လက်တွဲချိတ်ခေါ်ငင်မယ် လက်ကလေးတစ်ဖက်ကို မျှော်လင့်မိနေရဲ့။

သူ့ရဲ့ဘဝလေးထဲဆီကို EVE ဆိုတဲ့ ဧဝ စက်ရုပ်ကလေး ရောက်လာချိန်မှာ သိပ်ကိုလှပပြီး အချစ်ဆိုတဲ့အရာဟာ လှပတဲ့ မျက်ဝန်းနက်တွေရှိမှ။တူနှစ်ကိုယ် ကန့်လန့်ကာတွေကြားမှာ အရှက်တရားတွေခွါချပြီး ညစ်ညမ်းတဲ့အမှု တွေပြု မှ အဓိပ္ပါယ်ရှိတဲ့ အရာဆိုတာကို သူတို့နှစ်ဦးသားက လုံးဝ မှန်ကန်မှု မရှိကြောင်း။ချစ်ခြင်းဆိုတဲ့သဘောတရားမှာ ရုပ်ပြောင်း နာမ်ကွဲမှ။အသားအရည် တူမတူ။ဘာသာတရား အနိမ့်အမြင့် စတဲ့ အရာတွေနဲ့ ဘောင်ခတ်ခံရပြီး အဓိပ္ပါယ်ပျောက်ဆုံးကြရတဲ့လူသား ကမ္ဘာကြီးထဲမှာ Wall -E တို့ရဲ့ ချစ်ခြင်းမေတ္တာလိုမျိုး ဘယ်သူတွေများ ပိုင်ဆိုင်နိုင်ကြမှာလဲ။သိပ်လိုချင်ရဲ့။သိပ်ဖြစ်ချင်ပါရဲ့။

သူတို့ဆီမှာ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားနေတာတွေမရှိကြဘူး။တိတ်ဆိတ်တဲ့ကမ္ဘာကြီးထဲမှာ ဝေါ အီးကလေးက Eve နဲ့ အတူရှိချင်ရုံ။အမှို က်အတူတူ သိမ်းတာတို့။ညအခါရောက်ရင် သီချင်းကလေးတွေ တူတူဖွင့်နားထောင်တာတို့ပေါ့ ။နှံကောင်ကလေးက သူတို့နံဘေးမှာ ရှိမယ်။Eve ရဲ့ ဘာသာဗေဒပြု မူပုံကလေးကို ခံစားမယ်။

ကဲ။ Wall E လေးရဲ့ ပျင်းရိဖွယ်ဘဝလေးက Eve ရှိလာတော့ သိပ်ကိုချစ်စဖွယ်စိုပြေလာတာ ဘယ်လောက် ကြည်နူးဖို့ကောင်းလဲ။

ဒါပေမယ့်လေ ။ဒါပေမယ့်ပေါ့။ကိုယ်တို့အနေနဲ့ အဲဒီအသုံးကြီးကို မကြားချင်ဘူး။မသုံးချင်ဘူး။ချစ်ခြင်းမေတ္တာတရားရဲ့ အလင်းတန်းကလေးကို ဒီအတိုင်းပဲ ဖြောင့်တန်းသွားချင်တာ။မြှားတစ်စင်း ပြေးသလိုမျိုးပေါ့။

ကိုယ်တွေလည်း မတတ်နိုင်ဘူးလေ။အချစ်ဆိုတာ အံ့သြဘနန်းဖြစ်ဖွယ်ရှိလှတဲ့ မျက်လှည့်ဆရာကြီးမို့လား။

မျက်လှည့်ဆရာကြီးရယ်။ဒီလောက်ချစ်ဖို့ကောင်းလှတဲ့ Wall -E ကလေးတို့ဗျာ ။ဒီအတိုင်းလေးပဲ ချစ်သွားစေပါလား။ခုတော့ ။

Eveကလေးဟာ ပျိုးပင်စိမ်းကလေးကို သိမ်းယူချိန်မှာတော့ သူမရဲ့သက်ဝင်နေမှု တွေက Errorဖြစ်ပြီး Wall-E ရဲ့ နှလုံးသားကလေးဆီကိုပါ ကူးစက် ကိုက်ခဲသွားစေခဲ့ရပေါ့ ။

သူမ အသက်မဲ့သွားတဲ့ ကာလမှာ Wall -E ကမ္ဘာလေးဟာ မှောင်မဲတိတ်ဆိတ် နာကျင်ခြင်း တိမ်မည်းညို ရိပ်တွေ အုံ့အုံ့ခြိမ့် ရိုက်ခတ်လာချိန် ။ကိုယ်တို့ရဲ့ ကြေကွဲမှု တွေလည်း ထပ်ဆင့် လှို င်းထ

ခုမှသာ အချစ်ရဲ့ လှပနက်နဲလှတဲ့ ပုံပြင်တစ်ပုဒ်ကို သေတပန်သက်တစ်ဆုံး မိန်းမောနစ်မျောသွားစေခဲ့ရရဲ့။

ညီလင်းအိမ်

အညွှန်းကိုတော့ ကိုညီလင်းအိမ် ရဲ့ Facebook Page မှကူးယူဖော်ပြထားပါတယ်။

WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
WALL·E (2008)
No downloads available

Related movies