Burmese Subtitle
BluRay 1080p 6CH Wanted (2008)
Report error

Wanted (2008)

Wanted    

R 110 min ActionCrimeFantasy

6.7
IMDB: 6.7/10 341,811 votes

, , , , , , , , ,

Nominated for 2 Oscars. Another 4 wins & 20 nominations.

USA, Germany

219

Report error

ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ ထဲက
ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ 
သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့ မတန်အောင် မတရားခိုင်းစေပြီး
မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ်တစ်နေ့ မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ ရဲ့ အတူနေချစ်သူက
သူ့ အပေါ်သစ္စာမရှိပဲ သူရဲ့ အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ 
ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့်
သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့ အတူ သူ့ ချစ်သူအတွက်
သန္ဓေတားဆေးပါ ၀ယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ …
ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ ဆုံခဲ့တယ်
ဖော့(စ်) က ၀ီစလေရဲ့ ဖခင် ကို သူမ သိကြောင်း ယမန် နေ့ ညက
သူ့ အဖေ အသတ်ခံရကြောင်းနဲ့  သူ့ အဖေကို သတ်တဲ့ လူသတ်တရားခံက
သူ့ နောက်ကို လိုက်နေကြောင်း ပြောပြပေမဲ့ သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင်
အဖို့ တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ်ဒီလိုနဲ့  ဖော့(စ်) ဟာ ဂစ်(ဘ်)ဆင် ကို အန္တရာယ်ကြားမှ ကယ်တင်ခဲ့ပြီး
သူတို့ စခန်းရှိရာကို ခေါ်သွားပါတယ်
အဲ့ဒီနေရာမှာတော့ သူဟာ လျှို့ ဝှက် အဖွဲ့ အစည်းရဲ့ ခေါင်းဆောင်
ဆလိုအန် [Morgan Freeman] နဲ့ တွေ့ ဆုံခဲ့ရပြီး ဆလိုအန် က
ဂစ်(ဘ်)ဆင် မှာလည်း သူ့ ဖခင်လိုပဲ စွမ်းဆောင်ရည်များ
ရှိကြောင်းပြောပြပြီး သူကိုယ်တိုင် သိရှိအောင်လည်း လက်တွေ့ စမ်းသပ်ပြလိုက်ပါတယ်
ဒါပေမဲ့ ဂစ်(ဘ်)ဆင် တစ်ယောက် လက်မခံနိုင်ပဲ ဒေါသတစ်ကြီးနဲ့ ထွက်သွားရာမှ
နောက်နေ့ မှာတော့ သူပိုင်ဆိုင်ထားတဲ့ သာမန် လူနေမှုဘ၀ကို စွန့် ပစ်ပြီး
လျှို့ ဝှက်အဖွဲ့ အစည်း နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်
လျှို့ ဝှက်အဖွဲ့ အစည်းကတော့ ၀ီစလေ ရဲ့ ပျော့ညံ့တဲ့ စိတ်ဓာတ်တွေကို
သူတို့ ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ပြန်လည်ပြုပြင်ရေးတွေနဲ့ 
စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်ပေးခဲ့ပါတယ်ဒီနောက်ပိုင်းမှာတော့ ၀ီစလေ ဟာ မြောက်မြားစွာသော စစ်ဆင်ရေးတွေမှာ
ပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း သူ့ ဖခင်လို တိုက်ခိုက်ရေး သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်
ဝီစလေ ဟာ အခက်အခဲများစွာထဲကမှ သူ့ ရဲ့ အသက်ကိုရင်းပြီး
ဒဏ်ရာတွေအကြိမ်ကြိမ်ရရင်း စစ်ဆင်ရေး အောင်မြင်ဖို့ သူတတ်စွမ်းနိုင်တာထက်
ပိုပြီး သူ့ ဘ၀ကိုပေးဆပ်ရင်း အဖွဲ့ အစည်းအတွက် အလုပ်လုပ်ပေးခဲ့ပုံများကို
ရသစုံလင်စွာ ရိုက်ကူးတင်ဆက်ပေးထားတဲ့ အက်ရှင် ဇာတ်ကြမ်း တစ်ကားဖြစ်တာကြောင့်
အက်ရှင် ဇတ်ကြမ်းများ ကြိုက်နှစ်သက်သူ များအနေနဲ့ (လုံးဝ)x3 လက်မလွှတ်သင့်တဲ့
ဇာတ်ကားလေးပဲဖြစ်ပါတယ်

Credit Review

Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
Wanted (2008)
  • Download Links Server Size Quality