ပရိသတ်တွေအတွက် ဒီတစ်ခာတော့ စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားဖြစ်တဲ့ Warcraft အကြောင်း ဖော်ပြပါရစေ။ ဂိမ်းသမားတွေနဲ့ ရင်းနှီးပြီးသား Warcraft ဗီဒီယိုဂိမ်းစီးရီးကို အသက်သွင်းထားတာဖြစ်ပြီး အထူးပြုလုပ်ချက်တွေ အများကြီးနဲ့မို့ ပရိသတ်တွေအတွက် အသစ်အဆန်းဖြစ်နေမှာ သေချာပါတယ်။
အော့စ်လူမျိုးစုတွေနေထိုင်ရာ ဒရေနောဟာ တဖြည်းဖြည်းနဲ့ ပျက်စီးလာပြီမို့ အော့စ်နတ်ဆရာဖြစ်တဲ့ ဂါလ်ဒန်ဆိုတဲ့ အစိမ်းရောင်အော့စ်ဟာ မှော်ပညာ သုံးပြီးတော့ လူသားတွေအုပ်စိုးရာ အဇာရော့သ်ကမ္ဘာကိုသွားဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဂါလ်ဒန်ရဲ့ဘက်မှာတော့ ကြမ်းတမ်းရက်စက်တဲ့ ဘလက်ဟန်းကရှိနေပြီး ဂါလ်ဒန်က တခြားမျိုးနွယ်စုအော့စ်တွေကို အဇာရော့သ်ကမ္ဘာကို ခေါ်ဆောင်သွားမယ်လို့ ကတိပေးပြီး Horde ဆိုတဲ့ စစ်တပ်ဖွဲ့ခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း အဇာရော့သ်ကို ကျူးကျော်ဝင်ရောက် လာသူတွေကို ကာကွယ်ဖို့အတွက် ဘုရင်ကြီးအယ်လိန်းဟာ ထက်မြက်တဲ့ စစ်သူကြီးအန်ဒူ အင်လိုသာနဲ့ အစွမ်းထက်မှော်ဆရာမီဒစ်ဗ်တို့ရဲ့ အကူအညီယူ ကာ ပြင်ဆင်ခဲ့ပါတော့တယ်။
ဒီလိုနဲ့ လူသားခေါင်းဆောင်နဲ့ အော့စ်ခေါင်းဆောင်တို့ ထိပ်တိုက်တွေ့ကြတဲ့အခါမှာ စစ်ပွဲသာလျှင် အားပြိုင်မှုတွေရဲ့ အဖြေလို့ယူဆကာ စစ်ပွဲဆင်နွှဲခဲ့ကြပါတော့တယ်။ စစ်ပွဲကြားမှာကိုပဲ အော့စ်တွေကြားက မပြေလည်မှု တွေ၊ မိသားစုရေးရာတွေ၊ ပဋိ ပက္ခတွေကို တွေ့မြင်ရမယ့်အပြင် အထူးပြုလုပ်ချက်တွေနဲ့ လုပ်ထားတဲ့ ဇာတ်ကောင်တွေ၊ တိရစ္ဆာန် ကြီးတွေကလည်း အံ့မခန်းမို့ အ ကြိုက်တွေ့ကြမှာပါ။
အဇာရော့သ်အတွက် တိုက် ပွဲဝင်ကြတဲ့ အော့စ်တွေနဲ့ လူသား တွေ ဘယ်လိုဇာတ်သိမ်းကြမှာ လဲ၊ ကြမ်းတမ်းပြင်းထန်တဲ့ စစ်ပွဲ ကြားက ချစ်ခြင်းမေတ္တာတရား တွေ၊ စွန့်စားခန်းတွေကို ဘယ်လို တင်ဆက်ထားတာလဲဆိုတာတော့ ပရိသတ်တွေဆက်ပြီး ကြည့်ရှုခံစားကြပါဦးလို့။
ဒီဇာတ်ကားထဲမှာ ပါဝင် ထားသူတွေကတော့ ထရာဗစ်ဖင် မယ်လ်၊ ပေါ်လာပက်တန်၊ ဘန် ဖော့စ်တာ၊ ဒေါမနစ်ကူပါ၊ တိုဘီ ကက်ဘဲလ် စတဲ့သူတွေပဲ ဖြစ်ပါ တယ်။ ရုပ်ရှင်ဝေဖန်သူတွေက မကောင်းတဲ့ဘက်က သုံးသပ်ထားကြပေမယ့် ဒီဇာတ်ကားရဲ့ ဝင်ငွေကတော့ ကန်ဒေါ်လာ ၁၂၁ သန်းကျော်ခဲ့တယ်လို့ ဆိုပါတယ်။
(ဇာတ်လမ်းအညွှန်းကိုတော့ 7DayDaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)
File Size – 1.8GB
Quality – Blu-Ray 1080P 6CH
Running Time – 2h 03min
Format – mkv
Genre – Action, Adventure, Fantasy
Translator – Wa Tote
Encoded By – K#/4nt_M1nn_K0