Exit print mode Print Data A+ A- Undo all

Widows (2018)

Left with nothing. Capable of anything.
Widows (2018)Widows (2018)

Synopsis:

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ ပရိသတ်တွေအတွက် အက်ရှင်ဇာတ်ကားလေး ဖော်ပြလိုက် ပါတယ်။

၂၀၀၈ မြင်ကွင်းနဲ့အတူ နာ မည်ကြီးဖောက်ထွင်းရေးသမား ဟယ်ရီရောလင်းနဲ့ လုပ်ဖော်ကိုင် ဖက်တွေဖြစ်တဲ့ ကာလို့စ်၊ ဖလို ရက်နဲ့ ဂျင်မီတို့ဟာ ချီကာဂိုမှာ ဖောက်ထွင်းမှုတစ်ခု အတူလုပ် ကြရင်း ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။

ခင်ပွန်းသည်တွေ သေဆုံး ကုန်တဲ့အတွက် ဗာရွန်နီကာ၊ လင်ဒါ၊ အဲလစ်နဲ့ အမန်ဒါတို့ဟာ ဘာ ရပိုင်ခွင့်မှမရဘဲ အကြွေးတွေနဲ့ကျန်ရစ်ခဲ့ပါတယ်။

ဟယ်ရီဖောက်ထွင်းခိုးယူခဲ့ လို့ ဆုံးရှုံးခဲ့ရတဲ့ ဒေါ်လာနှစ်သန်း ပြန်ပေးဖို့ လူဆိုးဂိုဏ်းခေါင်း ဆောင် ဂျာမယ်မန်နင်းက ဟယ်ရီ ရဲ့ဇနီး ဗာရွန်နီကာကို ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပါတယ်။

ဗာရွန်နီကာဟာ ခင်ပွန်း သည် ဟယ်ရီရဲ့ မှတ်တမ်းစာအုပ် ကိုကြည့်ရင်း ဖောက်ထွင်းဖို့ လုပ် ထားတဲ့ အသေးစိတ်အစီအမံတွေ ကို တွေ့ခဲ့တာမို့ ငွေလိုနေတဲ့ သူ့ အတွက် အခွင့်အလမ်းတစ်ခုဖြစ် လာခဲ့ပါတယ်။ အဲဒါနဲ့ပဲ ဗာရွန်နီ ကာဟာ တခြားမုဆိုးမတွေကို ဖောက်ထွင်းမှုအတွက် တိုင်ပင်ဖို့ ခေါ်ခဲ့ပါတယ်။

Related image

နောက်တော့ ဗာရွန်နီကာ ခေါင်းဆောင်တဲ့ မုဆိုးမအဖွဲ့ဟာ ဖောက်ထွင်းဖို့အတွက် ကားဝယ် သူဝယ်၊ လက်နက်ဝယ်သူဝယ်၊ သွားမယ့်နေရာလေ့လာနဲ့ ဟယ်ရီ ရဲ့ အစီအစဉ်အတိုင်း လှုပ်ရှားဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒီလိုနဲ့ ဖောက်ထွင်းမှုအ တွက် လုံးပန်းရင်း ဗာရွန်နီကာ သိလာခဲ့တာက သူ့ခင်ပွန်း ဟယ်ရီ ဟာ တကယ်သေသွားတာမဟုတ် ဘဲ အယောင်ဆောင်ခဲ့တာဖြစ်ပြီး သူ့တွဲဖက်တစ်ယောက်ရဲ့ ဇနီး အမန်ဒါရဲ့ အိမ်မှာ ပုန်းနေခဲ့တယ်ဆိုတာကိုပါ။ နောက်ပြီး အမန်ဒါ မွေးထားတဲ့ သားလေးဆိုတာ လည်း ဟယ်ရီကလေးဖြစ်နေပြီး အမန်ဒါနဲ့ ဘဝသစ်စမယ်ဆိုတဲ့ အစီအစဉ်နဲ့ တွဲဖက်တွေကို လုပ် ကြံပြီး ဇာတ်လမ်းဆင်ထားခဲ့တာ ဖြစ်ပါတယ်။

အခြေမနေမှန်တွေ သိလာ တဲ့ ဗာရွန်နီကာတစ်ယောက် ဟယ်ရီရဲ့ အစီအမံအတိုင်း ဖောက်ထွင်းမှု ဆက်လုပ်ဖြစ်မှာလား။ မုဆိုးမတွေ လှုပ်ရှားတဲ့ ဖောက် ထွင်းမှု အောင်မြင်ပါ့မလား။ ဗာရွန်နီကာ၊ ဟယ်ရီနဲ့ အမန်ဒါတို့ရဲ့ ဇာတ်လမ်းက ဘယ်လိုအခြေအနေနဲ့ ဇာတ်သိမ်းမလဲဆိုတာ တော့ ဆက်လက်ရှုစားဖို့ ဖော်ပြ လိုက်ပါတယ်။

ပါဝင်တဲ့ သရုပ်ဆောင်တွေ က Viola Davis, Michelle Rodriguez, Eizabeth Debicki, Cynthia Erivo, Colin Farrell, Brian Tyree Henry, Liam Neeson, Jacki Weaver, Carrie Coon တို့ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်းကိုတေ့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 2.06 GB
Quality- Blu Ray 1080p 6CH
Running Time – 2hr 10min
Format – mkv
Genre – CrimeDramaThriller
Subtitle – Myanmar (Hard Sub)
Translator – Su Myat Kyaw Linn
Encoded By – Ye Thant Oo

Original title
Widows
Director
Brad Robinson, Mariela Comitini, Steve McQueen
Stars
Brian Tyree Henry, Colin Farrell, Cynthia Erivo, Daniel Kaluuya, Elizabeth Debicki, Garret Dillahunt, Liam Neeson, Michelle Rodriguez, Robert Duvall, Viola Davis
Release Date
16 Nov 2018
Rated
R
Runtime
129 min
Awards
N/A
Country
UK, USA
Budget
USD $42 000 000,00
Revenue
USD $19 608 028,00
Popularity
120.991
Status
Released
ID IMDb.com
tt4218572
IMDB Rating
7.3
IMDB votes
31,016
ID Themoviedb.org
401469
TMDb Rating
6.7
TMDb votes
501