ဒီတစ်ခါတော့မိသားစုဒရာမာဇာတ်လမ်းသစ်လေးအ ကြောင်း ဖော်ပြလိုက်ပါတယ်။ မျက်နှာပုံသဏ္ဌာန်ချို့ယွင်းချက်ရှိနေတဲ့ ကလေးတစ်ယောက်ရဲ့ ခက်ခဲတဲ့ဘ၀ဖြတ်သန်းမှုကို အဓိက ဇာတ်အိမ်တည်ထားပြီး ဒါရိုက် တာ စတီဖန်ချဘော့စကီက ရိုက် ကူးထားတာပါ။
ဩဂတ်စ်ပူးလ်မန်း(အော်ဂီ) ဟာ မျိုးရိုးဗီဇချို့ယွင်းချက်ကြောင့်မျက်နှာပုံသဏ္ဌာန်မမှန်ဘဲ မွေးဖွားလာသူပါ။ ခွဲစိတ်မှု ၂၇ ကြိမ်လောက် ပြုလုပ်ပြီးတာတောင် အော်ဂီရဲ့ မျက်နှာက သိပ်ပုံမမှန် သေးပါဘူး။ အော်ဂီတို့မိသားစုမှာ သူ့အဖေ နိတ်ပူးလ်မန်း၊ သူ့အမေအစ္စဘဲလ်နဲ့ အစ်မအိုလီဗီယာ တို့ရှိပြီး အော်ဂီလေးက ချို့ယွင်း ချက်တွေနဲ့ မွေးဖွားလာသူမို့ သူ့အိမ်သားတွေက အစွမ်းကုန်ပြုစု စောင့်ရှောက်ပါတယ်။
အော်ဂီကို အစ္စဘဲလ်က ငယ်ငယ်လေးကတည်းက အိမ်မှာပဲစာသင်ကြားပေးခဲ့ပြီး အော်ဂီလေးက အလယ်တန်းကျောင်းသားအ ရွယ်ရောက်လာတော့ နိတ်နဲ့ အစ္စဘဲလ်တို့က သူတို့သားကို တခြားကလေးတွေနဲ့ တန်းတူပညာသင်ယူနိုင်ဖို့ ကျောင်းစထားခဲ့ပါတယ်။အော်ဂီလေးမျက်နှာက ရုတ်တရက်ကြည့်လိုက်ရင် လန့်သွားနိုင်တဲ့အနေအထားနဲ့မို့ ကျောင်းမှာ အစအနောက်၊ အလှောင်အပြောင် ခံရသလို အပေါင်းအသင်းလုပ်ချင်သူလည်း နည်းပါတယ်။
စိတ်ဓာတ်ကျနေတဲ့ အော်ဂီလေးကို သူ့အမေအစ္စဘဲလ်က အားပေးနှစ်သိမ့်တာကြောင့် ကျောင်းကို ဆက်တက်ခဲ့ပြီး သူငယ်ချင်းတချို့ရခဲ့ပါတယ်။
အားနည်းချက်ကြောင့် သိမ်ငယ်နေတဲ့ အော်ဂီလေးတစ်ယောက် ရုပ်လှဖို့ထက် စိတ်လှဖို့သာ လိုအပ်တယ်ဆိုတဲ့အချက် ကို ဘယ်လိုထုတ်ဖော်ပြသသွားမလဲဆိုတာ ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။
ဒီဇာတ်ကားမှာ အော်ဂီအဖြစ် ဂျက်ကော့ဘ်ထရမ်ဘလေ၊အစ္စဘဲလ်အဖြစ် ဂျူလီယာရောဘတ်၊ နိတ်အဖြစ် အိုဝင်ဝီလ်ဆန်၊ အိုလီဗီယာအဖြစ် အစ္စဘဲလ်လာ ဗီဒိုဗစ်တို့ အဓိကပါဝင်သရုပ် ဆောင်ထားပါတယ်။
ရုပ်ရှင်အညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားပါတယ်။