2017 ခုနှစ်ကထွက်ရှိထားတဲ့ တိုက်တန်းနစ် ဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Kate Winslet ရဲ့ Drama
ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…
ဒီဇာတ်ကားကတော့ ဇာတ်ကြောင်းကိုပြောပြတဲ့ပုံစံနဲ့ရိုက်ကူးဖန်တီးထားတာဖြစ်ပြီးတော့
1950 လောက်က ကိုနီ ကျွန်းမှာနေထိုင်တဲ့ ဂျင်းနီဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းဘဲဖြစ်ပါတယ်။
ဂျင်းနီရဲ့ ပထမအိမ်ထောင်ကနေပြီးသားလေးတစ်ယောက်ပါလာခဲ့ပါတယ်။
သူ့အကျင့်က ပြဿနာအမျိုးမျိုးရှာတတ်တာပါဘဲ။
ဂျင်းနီကိုယ်တိုင်ကလည်းဖောက်လွဲဖောက်ပြန်လုပ်တာကြောင့် ပထမအိမ်ထောင်ကွဲပြီးတော့
စားပွဲထိုးအလုပ်အနေနဲ့ဝင်ရောက်လုပ်ကိုင်နေရတာပါ။
ဂျင်းနီရဲ့ယခုလက်ရှိယောက်ျားကလည်း ချားရဟတ်မောင်းသမားတစ်ဦးဖြစ်ပြီး
အရင်မိန်းမကသေးဆုံးပြီး သမီးက လူဆိုးအဖွဲ့ကလူနဲ့လိုက်ပြေးသွားတာကြောင့်
လောကကြီးကိုစိတ်ကုန်ကာအရက်သမားဘဝကိုရောက်နေချိန် ဂျင်းနီနဲ့တွေ့ဆုံ
ခဲ့တာဖြစ်ပါတယ်။
ဒီလိုနဲ့အိမ်ထောင်ရေးက အရမ်းကိုပျော်ရွှင်ခဲ့ရတာမဟုတ်တော့ ဂျင်းနီတစ်ယောက်
မကြာခင်မှာဘဲ မစ်ကီဆိုတဲ့အသက်ကယ်သမား နဲ့ဖောက်ပြန်ခဲ့ပြန်တယ်…
ဒီလိုနဲ့ဘဝကိုရှေ့ဆက်နေရင်းတစ်နေ့မှာ ချားရဟတ် သမားရဲ့သမီးဖြစ်သူ
ပြန်ပေါ်လာတဲ့အခါမှာတော့….
ဘာတွေဆက်ဖြစ်မယ်ဆိုတာ BS ကပရိတ်ကြီးအတူတူရှုစားလိုက်ရအောင်ဗျာ။