Exit print mode Print Data A+ A- Undo all

You Should Have Left (2020)

The house finds you
You Should Have Left (2020)You Should Have Left (2020)

Synopsis:

You Should Have Left (2020)
မြန်မာစာတန်းထိုး

သီယိုကော်နွိုင်း က အောင်မြင်နေတဲ့
လူတစ်ယောက်
သူ့မှာ ငယ်ရွယ်တဲ့ မင်းသမီးဇနီး
ဆူဆန်နာ နဲ့ လက်ထပ်ခဲ့ပြီး နောက်မှာ
သူ့ရဲ့လျှို့ဝှက်ချက်
လူအများရဲ့ မနာလိုမှုတွေနဲ့
အတိတ်က အရိပ်တွေကြောင့်
သူ့ရဲ့ စိတ်ဒဏ်ရာက ယိုယွင်းပျက်စီးနေခဲ့တယ်

ဒါကြောင့် သီယို နဲ့ ဆူဆန်နာ တို့ဟာ
သူတို့ရဲ့ ဆက်ဆံရေးကို
ပြန်လည် တည်ဆောက်ပြုပြင်ဖို့အတွက်
အားလပ်ရက်မှာ ဝေးလံခေါင်သီတဲ့
ဝေးလ်ကျေးလက်ဒေသက
ခေတ်မှီအိမ်လေးကို အွန်လိုင်းကနေ ငှားရမ်းခဲ့တယ်။
သူတို့နဲ့အတူ ခြောက်နှစ်အရွယ်သမီးလေး
အဲလ်လာ (ပထမမိန်းမနဲ့ ရခဲ့တဲ့ကလေး) ကိုခေါ်ပြီး
အားလပ်ရက်မှာ နားနေဖို့အတွက်
ထွက်လာခဲ့ကြတယ် ။

အဲ့ဒီအိမ်ကိုရောက်ပြီး နောက်ပိုင်းမှာ
သီယို ဟာ အမှန်တရားကို
နားလည်သဘောပေါက်လာခဲ့တယ်
အစောပိုင်းမှာ အရာရာ ပြီးပြည့်စုံခြင်းတွေဟာ
ဆုတ်ခွာခြင်းနဲ့အတူ အိပ်မက်ဆိုးထဲကို
တဖြည်းဖြည်းဝင်ရောက်သွားပြီး
နောက်မှာတော့ …….

ဒီရုပ်ရှင်ဟာ
ထိတ်လန့် စိတ်လှုပ်ရှားစရာ များစွာထက်
အများကြီး ပိုကောင်းပါတယ်
သရုပ်ဆောင် ကင်မရာရိုက်ချက်
အသံတွေကတော့ အထူးပြောစရာမလိုအောင်
အတော်လေး ကောင်းမွန်ပါတယ်
ဘတ်ဂျက်နည်းနည်းသုံးထားတဲ့ ရုပ်ရှင်အတွက်တော့
ပြည်စုံတဲ့ဇာတ်ကားကောင်း တစ်ကားပါ

အရမ်းကြောက်စရာမဟုတ်ဘဲ
သက်တောင့်သက်သာရှိတဲ့ ကြောက်စရာ
ဇာတ်လမ်းမျိုးပါ
စဉ်ဆက်မပြတ် ကြောက်လန့်နေရမယ်ဆိုရင်လည်း
သရဲကြောက်တတ်တဲ့သူတွေအတွက်တော့
အစဉ်မပြေနိုင်ဘူးလေ ???

Kyaw Swar Winn Thant

Original title
You Should Have Left
Director
David Koepp
Stars
Amanda Seyfried, Avery Essex, Colin Blumenau, Eli Powers, Geoff Bell, Kevin Bacon, Lowri Ann Richards
Release Date
18 Jun 2020 (USA)
Rated
R
Runtime
93 min
Awards
n/A
Country
United States / United Kingdom
Popularity
36.396
Status
Released
ID IMDb.com
tt8201852
IMDB Rating
5.3
IMDB votes
10,796
ID Themoviedb.org
514593
TMDb Rating
6
TMDb votes
176