ဒီနေ့ရုပ်ရှင် အကြိုကဏ္ဍအတွက် တော့ အိန္ဒိယအချစ်ဒရာမာ ဇာတ်ကားလေး ဖော်ပြလိုက်ပါတယ်။ အိမ်ထောင်ဖက်ရှာဖို့ အခက်တွေ့ နေတဲ့ လူပုတစ်ယောက်ကြုံဆုံရ တာတွေကို ဇာတ်အိမ်တည်ထား တာဖြစ်ပါတယ်။
Bauua Singh ဟာ အသက်(၃၈) နှစ်အရွယ်ရှိ လူပုတစ် ယောက်ဖြစ်တာမို့ သူ့အတွက် အကြီးမားဆုံးပြဿနာက အိမ်ထောင်ဖက် ရှာမရတာဘဲဖြစ်ပါ တယ်။ အောင်သွယ်အေဂျင်စီ ပေါင်းများစွာရဲ့ အကူအညီယူပြီး အမျိုးသမီးတွေအများကြီးနဲ့ ဒိတ်လုပ်ခဲ့ပေမယ့်လို့ အရပ်ပုနေတဲ့ပြစ်ချက်ကြောင့် အဆင်မပြေခဲ့ ပါဘူး။
တစ်ရက်မှာတော့ Bauua အတွက် ကံတရားက နည်းနည်း လေး မျက်နှာသာပေးခဲ့တယ်လို့ ဆိုရမလား Aafia Bhinder ဆိုတဲ့ နာဆာကသိပံ္ပပညာရှင် အမျိုး သမီးကို ရှာတွေ့ခဲ့လို့ပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ တစ်ခုထူးခြား တာက အဲဒီအမျိုးသမီးဟာ ကိုယ် အင်္ဂါတချို့ မလှုပ်ရှားနိုင်တဲ့ ရော ဂါရှင်မို့ ဘီးတပ်ကုလားထိုင်နဲ့ လှုပ်ရှားနေရသူပါ။
Aafia ဟာ ဒီလိုမသန်စွမ်း တစ်ယောက် ဖြစ်နေပေမယ့် လည်း ရုပ်ရည်ချောမောပြီး ပညာ ရှင်တစ်ယောက်ဖြစ်တာမို့ Bauua တစ်ယောက်မေတ္တာသက်ဝင်ပြီး နှစ်ယောက်သားလက်တွဲဖို့ ဆုံး ဖြတ်ခဲ့ပါတယ်။
Bauua ချစ်သူရလို့ အဆင်တွေပြေနေချိန်မှာ ထပ်ပြီးကံ ကောင်းတယ်လို့ ဆိုရမလား နာမည်ကြီးစူပါစတား မင်းသမီးBabita ကလည်း ပေါ်လာခဲ့ကာBauua နဲ့ဇာတ်လမ်းတွေစဖို့ အခြေအနေတွေ ပေးလာခဲ့ပါတယ်။
အရပ်ပုလွန်းလို့ဘယ်အမျိုး သမီးကမှ စိတ်မ၀င်စားတဲ့ Bauua ဟာရုပ်ချောပြီး ပညာရှိပေမယ့်မသန်စွမ်းဖြစ်နေတဲ့ Bhinderရယ်၊ ရုပ်ချောပြီးအရာရာပြည့်စုံကာ အောင်မြင်နေတဲ့ ထိပ်တန်း စူပါစတား Babita ရယ် ဘယ်သူ နဲ့ဖူးစာပါမလဲဆိုတာ စိတ်ဝင်စားစရာပါ။
အကောင်းအဆိုး ဒွန်တွဲနေတဲ့ အခြေအနေတွေကြားက Bauua ရဲ့မေတ္တာစစ်မှန်ဖူးစာရှင်က ဘယ်သူဖြစ်မလဲဆိုတာကို ကိုယ်တိုင် ခံစားကြည့်ရှုရအောင် လို့ အမြည်းလေး ဖော်ပြလိုက် တယ်နော်။
ဒီဇာတ်ကားမှာ ပရိသတ် အချစ်တော်မင်းသား Shah RukhKhan က လူပု Bauua အဖြစ် သရုပ်ဆောင်ထားပြီး မင်းသမီး Anushka Sharma က မသန်စွမ်းသိပံ္ပပညာရှင် Aafia Bhinder၊ မင်းသမီး Katrina Kaif က ထိပ်တန်းမင်းသမီး Babita အဖြစ် အဓိက ပါဝင်ထားတာပါ။
ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
File Size – 2.43 GB
Quality- True-HD 1080p 6CH
Running Time – 2hr 32min
Format – mkv
Genre – Comedy, Drama, Romance
Subtitle – Myanmar (Hard Sub)
Translator – Yan Naung Oo
Encoded By – Robinn Hood