Exit print mode Print Data A+ A- Undo all

Fantastic Beasts: The Crimes of Grindelwald (2018)

Fate of One. Future of All.
Fantastic Beasts: The Crimes of Grindelwald (2018)Fantastic Beasts: The Crimes of Grindelwald (2018)

Synopsis:

ဒီဇာတ်ကားက FB series ရဲ့ဒုတိယမြောက်ကားဖြစ်ပြီးတော့ တစ်ကယ်လို့ဘာမှမသိသေးဘူးဆိုရင် ဆက်ဖတ်ကြည့်ရအောင်။

ဇာတ်ကားနာမည်ကို ဂရင်းဒဲလ်ဝေါ့၏ ပြစ်မှုများလို့ခေါ်ပါတယ်။ နာမည်အရ ဂရင်းဒဲလ်ဝေါ့ (Johnny Deep) က ဒီဒုတိယကားမှာ အဓိကဖြစ်လာပါလိမ့်မယ်။ မာကုဇာ (MACUSA – အမေရိကန်မှော်အစိုးရ) က သူ့ကိုဖမ်းနိုင်ခဲ့ပြီးတဲ့နောက် အကြာကြီးထိန်းမထားနိုင်ခဲ့တာ ရှင်းပါတယ်။ ဂရင်းဒဲလ်ဝေါ့မှာ မှော်လောကကို မက်ဂယ်လောကကသိအောင် ဖော်ထုတ်ပြချင်တဲ့ဆန္ဒကတော့ ဆက်ရှိနေဦးမှာပါပဲ။

ဒါဆို နောက်အပိုင်းမှာသူဘာဆက်လုပ်မလဲ။ ဇာတ်ကားနာမည်အရတော့ ကောင်းတာတစ်ခုမှမပါဘူး။ ဂရင်းဒဲလ်ဝေါ့က အချုပ်ကနေဖောက်ပြေးပြီးတဲ့နောက် နောက်လိုက်တွေကိုစုပါလိမ့်မယ်။ သူ့နောက်လိုက်သူတွေက သူရဲ့တကယ့်ဆန္ဒဖြစ်တဲ့ မှော်မတတ်သူတွေအပေါ် မှော်သွေးစစ်တွေက အုပ်စိုးရမယ်ဆိုတာကို သိမှာမဟုတ်ဘူး။

ဟယ်ရီပေါ်တာစာအုပ်တွေကနေ ကျွန်တော်တို့သိထားတာက ဂရင်းဒဲလ်ဝေါ့အုပ်စိုးတဲ့ကာလဆိုတာ မှော်လောကအတွက်မှောင်မိုက်တဲ့အချိန်တွေ – ဗိုဒီမော့အုပ်စိုးတဲ့အချိန်လိုပဲလို့ သိထားပြီးသား။ ဒါကြောင့် ဒီဇာတ်မှာ စပြီးကြမ်းတော့မယ်လို့ဆိုရမယ်။

ဒမ်လဲလ်ဒိုးက သူ့ရဲ့တပည့်ဖြစ်ခဲ့ဖူးသူ နျု့ကို အကူအညီတောင်းပါလိမ့်မယ်။ သူတို့နှစ်ယောက်ကလဲ အတိတ်မှာအကြောင်းအရာတွေရှိခဲ့ပုံရတယ်။ အရင်ဇာတ်ကားထဲမှာ ဒမ်ဘဲလ်ဒိုးက နျု့ကိုကျောင်းထုတ်တဲ့ကိစ္စအတွက် အတိုက်အခံလုပ်ခဲ့ကြောင်း ပါတယ်လေ။

ဒီထပ်ထပ်ပြီးသိချင်ရင်တော့ BS ရဲ့ ဇာတ်ကားကွာလတီနဲ့သာဆက်လက်ကြည့်ရှုပါတော့…

အညွှန်းကိုတော့ MM Potterhead’s Realm Facebook Page မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

File Size – 2.12 GB
Quality- Blu-Ray 1080p 6CH
Running Time – 2hr 14min
Format – mkv
Genre – AdventureFamilyFantasy
Translator – Aung Myint Oo
Encoder – Robinn Hood

Original title
Fantastic Beasts: The Crimes of Grindelwald
Director
David Yates
Stars
Alison Sudol, Callum Turner, Claudia Kim, Dan Fogler, Eddie Redmayne, Ezra Miller, Johnny Depp, Jude Law, Katherine Waterston, Zoë Kravitz
Release Date
16 Nov 2018
Rated
PG-13
Runtime
134 min
Awards
N/A
Country
UK, USA
Budget
USD $200 000 000,00
Revenue
USD $648 820 988,00
Popularity
173.138
Status
Released
ID IMDb.com
tt4123430
IMDB Rating
6.8
IMDB votes
123,142
ID Themoviedb.org
338952
TMDb Rating
6.9
TMDb votes
3588