Burmese Subtitle
The Boat (2018) IMDb: 5.6
The Boat (2018)

မော်လတာနိုင်ငံရဲ့ လှပသောနွေရာသီ နေ့တစ်နေ့မှာ တံငါသည်လူငယ် တစ်ယောက်ဟာ သူရဲ့ လှေလေးနဲ့ ငါးမျှားရန် ပင်လယ်ထဲ ထွက်လာခဲ့တယ် ရုတ်တရက် ရာသီဥတု ပြောင်းလဲပြီး မြူထူထပ်စွာမမြင်ရသည်အထိ ဖြစ်ပေါ်လာခဲ့တယ် အမှောင်ထုထဲမှာ သူဟာ အိုင်းလွပ်စ် လို့ခေါ်တဲ့ တောက်ပတဲ့အဖြူရောင် ရွက်လှေကို တွေ့လိုက်မိတော့ လှေပေါ်တက် စုံစမ်းကြည့်လိုက်တယ် ရွက်လှေပေါ်မှာ မည်သူတစ်ဦးတစ်ယောက်မှ မရှိတော့ ပြန်ဆင်မယ်လုပ်တဲ့အခါ အလာတုန်းက ရွက်လှေမှာ သေချာချည်ထားခဲ့တဲ့ သူ့ရဲ့လှေလေးဟာ မရှိတော့ဘူး ဒါနဲ့ အဲ့ဒီ ရွက်လေပေါ်မှာပဲ ... ရေဒီယိုနဲ့ ဗလက်တာဆိပ်ကမ်းထိန်းချုပ်ရေးကို အကြောင်းကြားပြီးနောက် ဘာကြောင့် လူတစ်ဦးမှ မရှိတာကို စပ်စုရင်း သန့်စင်ခန်းထဲ ဝင်ကြည့်လိုက်တဲ့အခါ တံခါးက လော့ကျသွားတယ် ... ......

5.6 Average
2Vote
EXIT (2019) IMDb: 7
EXIT (2019)

ဇတ်လမ်းပုံစံကတော့… ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစ တောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ… အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက် အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီး အိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး ......

7 Average
3Vote
Deliver Us from Evil (2020) IMDb: 6.8
Deliver Us from Evil (2020)

Deliver Us from Evil(2020) NIS အေးဂျင့်ဟောင်းဖြစ်သူ ဂင်အင်နမ်တစ်ယောက် အေးဂျင့်လောကကနေ အနားယူတော့ သူဆက်လုပ်တဲ့အလုပ်က ဆန်းတယ်လို့ပြောရမလား…. အတိုက်အခိုက်အသတ်အပုတ် ကျွမ်းကျင်တော့ ကြေးစားလူသတ်သမားဆက်လုပ်တယ်…. ဒီလိုကြေးစားဘဝကနေ နောက်ဆုံးအနေနဲ့ ငွေကြေးအလုံးလိုက်အခဲလိုက်ယူပြီး လူတစ်ယောက်ကို သတ်ခဲ့လိုက်တယ်….. နောက်ပိုင်းအနားယူမယ်လို့ စီစဉ်ခါမှ သူသတ်ခဲ့တဲ့သူရဲ့ ညီဖြစ်သူ ရေးဆိုတဲ့ သူက လက်စားြပန်ချေဖို့ ကြိုးစားပါတော့တယ်…ရေးဆိုတာကလည်း ဒီလောကမှာ ဆရာတစ်ဆူ…ဉာဏ်ကောင်းထက်မြက်တဲ့အပြင် အတိုက်အခိုက်မှာလည်းဆရာကျတဲ့သူ…သူတို့(၂)ယောက်ထိပ်တိုက်ဆုံကြတဲ့အပြင် တခြားပြဿနာကြီးတစ်ခုကပါ ထပ်တိုးလာတဲ့အခါမှာတော့…. ဒီကားက ကိုးရီးယားတို့ရဲ့ အထင်ကရမင်းသားကြီး(၂)ယောက်ဖြစ်တဲ့ Jung-min Hwang နဲ့Jung-jae Leeတို့ အပြိုင်ကျဲထားတဲ့ကားပါ….အက်ရှင်ခန်းတွေလည်း အတော်မိုက်သလို ......

6.8 Average
659Vote
Retribution (2006) IMDb: 6.4
Retribution (2006)

Retribution (2006) မြန်မာစာတန်းထိုး ဒီရုပ်ရှင်ကို International Film Festival Rotterdam မှာ ဒီလိုကြေငြာထားတယ် "ထိတ်လန့်မှုကို မကြိုက်သူများအတွက် ထိတ်လန့်ခြင်း" အဓိကဇာတ်ကောင်ကတော့ တိုကျိုမြို့က စုံထောက်တစ်ယောက် ဟာ လူသတ်မှုကို စုံစမ်းစစ်ဆေးတဲ့အခါ တူညီတဲ့ နည်းလမ်းရှိတာကြောင့် ကွင်းဆက်လူသတ်သမားပုံစံ ဖြစ်နေတယ်လို့ ယူဆမိတယ် ... ထို့နောက် စုံထောက်ဟာ ပထမဆုံးသားကောင် ဖြစ်ပုံရတဲ့အတွက် သရဲခြောက်ခြင်းကို စ, ခံရတယ် အဲ့ဒီနောက်မှာတော့ .............. ဒီဇာတ်ကားဟာ ရာဇ၀တ်မှုဖြေရှင်းခြင်းနဲ့ လူသတ်သမားကို ဖမ်းဆီးခြင်းမှ လျှို့ဝှက်ဆန်းကြယ်သော ဆက်သွယ်မှုများနဲ့ ရှာဖွေခြင်းမှတဆင့် ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ ပြကွက်များနဲ့ ပြည်စုံနေပါတယ် ဒါပေမယ့် အဓိပ္ပာယ်နားလည်ခြင်းကို အားလုံး မရစေပေမယ့် အဆုံးမှာတော့ ရှင်းပြထားပါတယ် အချို့သောသူတွေအတွက် လုံလောက်တဲ့ ကျေနပ်မှုမရနိုင်သော်လည်း ဖြစ်နိုင်တာကတော့ ရုပ်ရှင်၏အဓိကအချက်ပါပဲ သာမန် အမေရိကန် ......

6.4 Average
2Vote
Baywatch (2017) IMDb: 5.5
Baywatch (2017)

(အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ) ၂၀၁၇ ရုံတင်ကားသစ် အကြည်ထွက်လို့ တင်ပေးထားပါတယ်။ ဟာသ အက်ရှင်အမျိုးအစားပါပဲ။ ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ ......

5.5 Average
157Vote
How to Train Your Dragon: The Hidden World (2019) IMDb: 7.5
How to Train Your Dragon: The Hidden World (2019)

နဂါးဘက်တော်သားများဖြစ်ကြတဲ့ Hiccup နဲ့ အဖွဲ့သားတွေဟာ လူတွေဖမ်းဆီးထားတဲ့ နဂါးတွေ လိုက်ကယ်၊ ပြန်လွှတ်ပေးနဲ့ လုပ်နေလို့ အခုဆို ရွာမှာတောင် နဂါးတွေ တော်တော်များလာပါပြီ။ ဒီလို နဂါးအင်အား များလာတာနဲ့အမျှ နဂါးတွေကို ရန်ရှာ၊ ဖမ်းဆီးချင်တဲ့ လူတွေရဲ့ ပစ်မှတ်အဖြစ်ကလည်း ကြာလေကြီးလေဖြစ်လာပါတယ်။ တစ်ရက်မှာ နောက်ဆုံးကျန်တဲ့ Night Fury ဖြစ်တဲ့ Toothless ကို သတ်ချင်လွန်းတဲ့ ......

7.5 Average
98Vote
How to Train Your Dragon 2 (2014) IMDb: 7.8
How to Train Your Dragon 2 (2014)

နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ......

7.8 Average
300Vote
How to Train Your Dragon (2010) IMDb: 8.1
How to Train Your Dragon (2010)

၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ DreamWorks Animation မှထုတ်လုပ်ထားတဲ့ Animation ကား လေးတစ်ကားဘဲဖြစ်ပါတယ်။လက်ရှိအချိန်ထိ IMDB 8.1 , Rotten Tomatoes 98% ရရှိထားတဲ့ ကားကောင်းလေးတစ်ကားဘဲဖြစ်ပါတယ်။ အညွှန်း ဟိုး…ရှေးရှေးတုန်းက… မြောက်ပိုင်းကျွန်းဆွယ်လေး ဘက်ခ် လို့ခေါ်တဲ့နေရာလေးမှာပေါ့. ဟစ်ကပ်လို့ခေါ်တဲ့လူငယ်လေးတစ်ယောက်က သူ့မြို့ငယ်လေးရဲ့ နဂါးနှိမ်နင်းရေးတပ်ဖွဲ့ထဲကို အရမ်းကိုဝင်ချင်ခဲ့တာ။ဒါပေမယ့် သူ့အဖေ (မြို့ရဲ့ခေါင်းဆောင်ကြီးက) သူ့ကို ခန္ဒာကိုယ်အရွယ် အစားသေးတာကြောင့် ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါပေမယ့် တီထွင်ဉာဏ်ရှိလှတဲ့ ဟစ်ကပ်တစ်ယောက် သူ့အဖေစကားကို နားမထောင်ဘဲ တိုက်ပွဲအတွင်းကိုဝင်ရောက်ပြီးတော့ သူတီထွင်ထားတဲ့လက် နက်နဲ့ နဂါးတစ်ကောင်ကိုပြစ်လိုက်ပါတယ်၊ ......

8.1 Average
654Vote
The Dam Busters (1955) IMDb: 7.4
The Dam Busters (1955)

The Dam Buster ***************** အချိန်ကား ၁၉၄၃ခုနှစ်။ နာဇီဂျာမနီတို့၏ လေကြောင်းအင်အားမှာ စစ်ကြီးအစလောက် အင်အားမထွားနိုင်တော့သော်လည်း ရံဖန်ရံခါဆိုသလို ဗြိတိန်မြို့တော် လန်ဒန်ကို ခြိမ်းခြောက်နေဆဲဖြစ်သည်။ ဗြိတိန်လေတပ်အနေဖြင့်ရန်သူဂျာမန်ပစ်မှတ်များအား ပြန်လည်ဗုံးကြဲတိုက်ခိုက်နေပြီဖြစ်သော်လည်း ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိသေး။ ဗြိတိန်ခေါင်းဆောင်ပိုင်းအနေဖြင့် ပြည်သူတို့ စိတ်အားတက်ကြွစေကာ ရန်သူဂျာမန်တို့ကိုလည်း အရှိုက်ထိုးမိစေသလို ဖြစ်စေမည့် တစ်ချက်ခုတ် နှစ်ချက်ပြတ် စစ်ဆင်ရေးကြီးတစ်ခုကို ဆင်နွှဲရန် အားသန်လျက် ရှိပေသည်။ ထိုသို့ရန်သူ့အရှိုက်ကို ထိုးမိစေသလို ......

7.4 Average
9Vote
The Cave (2019) IMDb: 5.8
The Cave (2019)

Documentary မဟုတ်ပါ…ဇာတ်လမ်းသွားနဲ့ ရိုက်ကူးထားတာပါ… ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပျောက်သွားတဲ့ ကလေး ၁၂ ယောက်နဲ့ နည်းပြ အကြောင်းကို အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ဒီကလေးတွေကို ကယ်ဆိုဖို့ ထိုင်းအစိုးရနဲ့ နိုင်ငံစုံက ရေငုပ်သမားတွေ ဘယ်လို ခက်ခက်ခဲခဲ စွန့်စွန့်စားစား ကယ်တင်ခဲ့တဲ့အကြောင်းရယ် လူသားဆန်လှစွာ ကူညီကြတဲ့သူတွေအကြောင်းကို ရိုက်ကူးပြထားတာပါ… ပျောက်သွားတဲ့အကြောင်းကစလို့ ရေငုတ်သမားတွေ ပညာရှင်တွေ ပူးပေါင်းပြီး အဖြေထုတ်ရင်း ကြိုးစားကြတာကို စိတ်ဝင်စားဖွယ်ကောင်းပါတယ်… ဒီဇာတ်ကားက အင်္ဂလိပ်စကားပြောတွေအတွက် စာဖိုင် မထွက်လို့ ......

5.8 Average
644Vote
The Hunt (2020) IMDb: 6.5
The Hunt (2020)

MDb Rating 6.4 / 10 ထိရရှိထားပါတယ်။ ဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . . လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီ အပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ  ….  တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံက လူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။ သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။ လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီး တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ......

6.5 Average
57Vote
The Maid (2020) IMDb: 5.6
The Maid (2020)

2020ထွက် horror /thriller ထိတ်လန့်ခြောက်ခြားဖွယ် ကားလေးတစ်ကား တင်ဆက်ပေးပါရစေ. Imdbကလဲ 5.6ဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုတာ ညွှန်းနေဖို့ လိုမယ်မထင်ပါဘူး. ဇာတ်လမ်းအကျဉ်းကတော့ အိမ်စေ မမြဲတဲ့ စံအိမ်ကြီးတစ်လုံးကို ဂျွိုင်းဆိုတဲ့ ကောင်မလေးဟာ ရောက်လာခဲ့ပါတယ်. ဒီစံအိမ်ကြီးမှာ အလုပ်လုပ်ချင်ရင် လိုက်နာရမယ့် တစ်ခုတည်းသော စည်းကမ်းကတော့ “မစပ်စုရဘူး”ဆိုတာပါပဲ. ဂျွိုင်းဟာ စံအိမ်ကြီးကို ရောက်တည်းက စိတ်ထဲ မလုံခဲ့ပါဘူး. စံအိမ်ပိုင်ရှင်သခင်မရဲ့ သမီးလေးနစ်ဒ်ဟာလဲ သရဲတွေကို မြင်ရတယ်ဆိုပြီးပြောနေတဲ့ စိတ်ဝေဒနာရှင်မလေးပါ. ဂျွိုင်းဟာ နစ်ဒ်နဲ့ ရင်းနှီးလာတဲ့ အခါမှာတော့ ဒီအိမ်ကြီးမှာ ဘယ်သူမှ မသိတဲ့မိန်းမတစ်ယောက်ရှိနေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပါတယ်. ဂျွိုင်းဟာ အိမ်သူအိမ်သားတွေကို ......

5.6 Average
390Vote
Miss & Mrs. Cops (2019) IMDb: 5.8
Miss & Mrs. Cops (2019)

Weightlifting fairy ကားထဲက မင်းသမီးလေး ပါတဲ့ ကားသစ်လေးပါ အလွန်တရာထူးချွန်တဲ့ စုံထောက်ပတ်ခ်မီယောင်းဟာ အိမ်ထောင်ကျ၊ ကလေးရပြီးနောက်မှာ သူမ ချစ်ခင်နှစ်သက်ရတဲ့ စုံထောက်အလုပ်ကိုစွန့်လွှတ်ခဲ့ရပြီး ပြည်သူ့တိုင်ကြားချက်များဌာနမှာပဲ ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေခဲ့ရပါတယ် သူ့ယောင်းမဖြစ်သူ ချွဲဂျီဟေးကလည်း ရဲဖြစ်ဖို့မွေးဖွားလာတယ်ထင်ရတဲ့ ရဲမေတစ်ယောက်ပါပဲ တစ်ရက်မှာတော့ ဂျီဟေးဟာ သံသယရှိသူတစ်ယောက်ကို ဖမ်းဆီးရာမှာ အလွန်အကျွံအားသုံးတယ်ဆိုတဲ့ ပြစ်မှုနဲ့ အရေးယူခံရပြီး မီယောင်းရှိရာ ဌာနကို ခေတ္တပြောင်းရွှေ့ခန့်ထားခံခဲ့ရပါတယ် ပုံမှန်ဆိုမတည့်လေ့ရှိတဲ့ သမီးယောင်းမနှစ်ယောက်ဟာ မတော်တဆ မှုခင်းတစ်ခုထဲပါဝင်မိပြီး သူတို့မထင်ထားလောက်တဲ့အထိ ပြစ်မှုကကြီးမားနေတဲ့အခါမှာတော့.. သာမန်ချိန်းခြောက်အကြပ်ကိုင်မှုလို့သာ ယူဆထားခဲ့တဲ့ အမှုခင်းလေးတစ်ခုဟာ ကွင်းဆက်ရာဇဝတ်မှုကြီးဖြစ်နေတဲ့အခါမှာတော့.. သမီးယောင်းမနှစ်ယောက်ဘယ်လိုဖော်ထုတ်ကြမလဲ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးကြည့်ရမှာပဲဖြစ်ပါတယ် ဝါရင့်သရုပ်ဆောင်တွေဆိုတော့ ကြည့်ရတာ အပိုအလိုမရှိ ကွက်တိပါပဲနော် Review Credit ......

5.8 Average
618Vote
The Eye (2008) IMDb: 5.4
The Eye (2008)

တယောဂီတသမား ဆစ်ဒနီဝဲလ် ဟာ မတော်တဆမှုတစ်ခုကြောင့် ငါးနှစ်အရွယ်ကတည်းက မျက်စိကွယ်သွားခဲ့တယ် သူမဟာ မျက်ကြည်လွှာအစားထိုးခွဲစိတ်ကုသမှုကိုခံယူခဲ့ပြီး ခွဲစိတ်ကုသမှုမှ ပြန်လည်နာလန်ထူလာသောအခါ ထူးဆန်းသောအမြင်အာရုံများရှိနေတာကို သတိပြုမိလာတော့တယ် ဒေါက်တာ ပေါလ်ဖော့ကာ ရဲ့ အကူအညီနဲ့ ဆစ်ဒနီ ဟာ သူမ၏မျက်လုံးအလှူရှင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူမရဲ့ အမြင်အာရုံနောက်ကွယ်က အမှန်တရားကိုရှာဖွေရန် ခရီးစတင်ထွက်ခဲ့ပြီးတဲ့ နောက်မှာတော့ ..... Review & Translated - Kyaw Swar Winn Thant ...

5.4 Average
51Vote
The Silenced (2015) IMDb: 5.7
The Silenced (2015)

ဂျပန်ကိုလိုနီအုပ်ချုပ်မှုရဲ့လက်အောက် ၁၉၃၈ ခုနှစ် ကာလ ဆေးရုံနဲ့တွဲဖွင့်ထားတဲ့ အမျိုးသမီးဘော်ဒါကျောင်းကို ပြောင်းလားတဲ့ကျောင်းသူလေး အဆုတ်ရောဂါဖြစ်နေတဲ့ (ရိုဇုကို) တစ်ယောက်ဟာ ကျောင်းမှာနေရင်း ကျောင်းသူလေးတွေ အကြောင်းပြချက်မရှိပဲ တစ်ယောက်ပြီး တစ်ယောက် ပျောက်ဆုံးနေတာကို သတိပြုမိခဲ့တယ် ဒီလိုနဲ့ (ရိုဇုကို) ဟာ ပျောက်ဆုံးနေတဲ့ကျောင်းသူတွေရဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို သူငယ်ချင်းတစ်ယောက်နဲ့အတူ ဖော်ထုတ်ဖို့ကြိုးစားတော့တယ် ။ ။ ။ အဲ့ဒီနောက်မှာတော့ ........ Review & Translated by - Kyaw Swar Winn Thant ...

5.7 Average
3Vote