Burmese Subtitle

Content at random

Content recently added

The Hobbit: The Battle of the Five Armies (2014) 7.4
The Hobbit: The Battle of the Five Armies (2014) ဇာတ်လမ်းကတော့ ဒုတိယ Hobbit ကား အပြီးကနေ ဆက်ထားပြီး၊ Smaug က Laketown ကို ဖျက်ဆီးလိုက်ပြီး၊ Smaug ကိုလည်း Brad က Black Arrow သုံးပြီး ပစ်သတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Brad က Laketown လူတွေရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒီလို အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ လူတွေကို Brad က ဦးဆောင်ပြီး တောင်ကြားထဲက ရွှေတွေကို သွားယူပြီး ဘဝအသစ်စဖို့ စီစဉ်ကြပါတယ်။ ဒုတိယ ကားမှာတုန်းက Thorin က တောင်ထဲက သူ့မြို့ ကိုပြန်သိမ်းဖို့အတွက် လက်နှက်နဲ့ လှေအကူအညီ ပေးဖို့တောင်းဆိုပြီး၊ အောင်မြင်သွားရင် ရွှေတစ်ချို့ကို လူတွေကို ခွဲပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ တကယ်တမ်းမှာတော့ Thorin က သူ့ အဖိုးလို ပဲ လောဘတက်ပြီး စိတ်ဖောက်ပြန်သွားခဲ့ပါတယ်။ ဘယ်သူကိုမှ လည်း ပေးမဝင်တော့သလို ...
7.4
IMDB: 7.4/10 430,548 votes
movie

The Hobbit: The Battle of the Five Armies (2014)

2014
4K HDR
The Hobbit: The Desolation of Smaug (2013) 7.8
The Hobbit: The Desolation of Smaug (2013) The Hobbit ပထမဇာတ်ကားအဆက် ဒုတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားက Lord of the Rings Trilogy ရဲ့ Prequel ဖြစ်ပြီး The Hobbit Trilogy ရဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။ ဒီကားမှာ Lord of the Rings ထဲက မင်းသားချော Orlando Bloom က Legolas အဖြစ်ပြန်လည်ပါဝင်လာပြီး၊ အခြား ဇာတ်ကောင်အသစ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ပထမဇာတ်ကား အစပိုင်းမှာ Dwarf တွေရဲ့ ရတနာတွေ ကြောင့် နဂါးကြီးတစ်ကောင်က Dwarf တွေ မြို့ကို ကျူးကျော်ဝင်ရောက် ခဲ့သလို Dwarf တွေလည်း သူတို့ရဲ့ မြို့ကိုစွန့်ခွာခဲ့ရပါတယ်။ ဒီကားမှာ Dwarf တွေက Gandalf နဲ့ Bilbo (Frodo ရဲ့ ဦးလေးဖြစ်သူ) ရဲ့အကူအညီနဲ့ သူတို့ မြို့ထဲကို ခိုးဝင်ပြီး နဂါးကြီးစောင့်ကြပ်နေတဲ့ ...
7.8
IMDB: 7.8/10 557,107 votes
movie

The Hobbit: The Desolation of Smaug (2013)

2013
4K HDR
The Hobbit: An Unexpected Journey (2012) 7.9
The Hobbit: An Unexpected Journey (2012) ရှေးရှေးတုန်းက လူပု ထရော် ဟာ အဲရီဘော်(ရ်)ပြည်ရဲ့ ဘုရင်ဖြစ်လာတဲ့အခါ သူ့မိသားစုဆွေမျိုးများ ချမ်းသာလာကြပါတယ်။ ဒါပေမယ့် စမော့(ဂ်)(Smaug) ဆိုတဲ့ နဂါးကြီးက သူတို့ရဲ့ရွှေတွေကို သိမ်းပိုက်ဖို့ ဒေး(ပ်)မြို့ကို ဖျက်ဆီးလိုက်ရုံမက အဲရီဘော်(ရ်)ပြည်သားတွေကို နှင်ထုတ်လိုက်ပါတယ်။ ထရော်ဧ။်မြေးဖြစ်သူ သိုရင် ကနတ်သူငယ်တို့ရဲ့ဘုရင် ထရန်ဒိုး(လ်)ဆီက အကူအညီသွားတောင်းပေမယ့် ၄င်းတို့က မကူညီတဲ့အပြင် လူပုတွေကို ကျောခိုင်းစွန့်ခွာသွားကြပါတယ်။ဟော့ဘစ် ဆိုတဲ့ မျိုးနွယ်စုဝင် လူငယ် ဘီ(လ်)ဘိုကို မှော်ဆရာကြီး ဂန်ဒေါ့(ဖ်)က လာတွေ့ပြီး စမော့(ဂ်) လက်ထဲက ရတနာတွေကို သွားခိုးယူမယ့်သိုရင်နဲ့ သူ့တပည့်လူပုစစ်သည် တစ်စုနဲ့အတူ လိုက်ပါဖို့စည်းရုံးပါတယ်။ဘီ(လ်)ဘိုနဲ့လူပုတွေဟာ အထီးကျန်တောင် ပေါ်တက်ကြတုန်း ထရိုး(လ်)ဆိုတဲ့ ဘီလူးကြီးတွေက ဘီ(လ်)ဘိုတို့အားလုံးကို သတ်စားခါနီးမှာ ဂန်ဒေ့ါ(ဖ်)ရောက်လာပြီး ဘီလူးတွေကို ကျောက်ရုပ်ဖြစ်အောင် ဖန်ဆင်းကာ သူ့လူတွေကို ကယ်တင်လိုက်ပါတယ်။ ဘီလူးကြီးတွေရဲ့လိုဏ်ဂူထဲ ဝင်ရှာဖွေတဲ့အခါ တန်ခိုးရှိတဲ့ အယ်(လ်)ဗင်ဓားမြှောင်တွေကို ဘီ(လ်)ဘိုတို့ ကောက်ရကြပါတယ်။ ဘီ(လ်)ဘိုတို့အုပ်စုဟာ ဂရင်းဝု(ဒ်)ဆိုတဲ့ ...
7.9
IMDB: 7.9/10 711,812 votes
movie

The Hobbit: An Unexpected Journey (2012)

2012
4K HDR
Laxmii (2020) 2.3
Laxmii (2020) ဒီဇာတ်ကားကတော့ 2011 ခုနှစ်က ထွက်ရှိခဲ့တဲ့ Kanchana ဇာတ်ကားလေးကို Remake ပြန်လုပ်ထားတဲ့ဇာတ်ကားပါပဲ မြန်မာနိုင်ငံမှာဆိုရင်လည်း Kanchana ကို Remake ပြန်လုပ်ထားတဲ့ တာတေကြီး ဇာတ်ကားလိုပေါ့ဗျာ... ဒီဇာတ်ကားတွေကိုတော့ အားလုံးပဲကြည့်ဖူးမယ်လို့ထင်ပါတယ် အရှေ့က ဇာတ်ကားတွေမကြည့်ခဲ့ဖူးရင်လည်း ဒီဇာတ်ကားလေးကိုကြည့်ပြီး အရှေ့က ဇာတ်ကားတွေရဲ့ ဇာတ်အိမ်တွေကို တန်းသိသွားစေမှာပါ... ဇာတ်လမ်းရဲ့အညွှန်းကတော့ တစ္ဆေ သရဲတွေကို အယုံအကြည်မရှိတဲ့ အာဆစ်တစ်ယောက် မမျှော်လင့်ပဲ အငြိုးကြီးစွာ သေဆုံးခဲ့တဲ့ လက်ရှမီး ဆိုတဲ့ ဝိဉာဉ် တစ်ခု ဝင်ပူးပြီးတော့ သူရဲ့ လက်စားချေမှုတစ်ခုအတွက် ကြိုးစာခဲ့ရာမှာတော့... လက်ရှမီးဆိုတာ ဘယ်သူလဲ... ဘယ်လိုမျိုး သေဆုံးခဲ့ရတာလဲ... စတဲ့ စတဲ့ သူ့ရဲ့ ဘဝဇာတ်ကြောင်းတွေကို ဇာတ်ကားထဲမှာအားလုံးပဲ ဝင်ရောက်စီးမျှောဖို့ ဆက်လက်ရှုစားလိုက်ရအောင်ပါ...
2.3
IMDB: 2.3/10 46,387 votes
movie

Laxmii (2020)

2020
Web-DL 1080p HDR
Transformers: The Last Knight (2017) 5.2
Transformers: The Last Knight (2017) Transformers သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲ၏ ဇာတ်လမ်းသစ်အဖြစ် Transformers: The Last Knight ကို ကျူးဘားနိုင်ငံ မြို့တော် ဟာဗန်နာတွင် စတင်ရိုက်ကူး ခဲ့သည်။ ယင်းဇာတ်ကားသည် Transformers ဇာတ် လမ်းတွဲ၏ ပ ဉ္စမမြောက် live-action ဇာတ်ကား တစ်ကားဖြစ်ပြီး ၂ဝ၁၄ ခုနှစ်က ထွက်ရှိခဲ့သည့် Transformers: Age of Extinction ဇာတ်ကား၏ နောက်ဆက်တွဲဇာတ်ကားလည်းဖြစ်သည်။ ယင်းဇာတ်ကားသစ်သည် Transformers ဇာတ်လမ်းတွဲများ၏ ပင်တိုင် ဖန်တီးရှင် ဒါရိုက်တာမိုက်ကယ်ဘေးရဲ့ လက်ရာ ဇာတ်ကားတစ်ကားဖြစ်သည်။ Transformers: The Last Knight ဇာတ်ကား သစ်တွင် ပင်တိုင်မင်းသား မာ့ခ်ဝဲလ်ဘတ်ခ်နှင့် သရုပ်ဆောင်အချို့လည်း ပြန်လည်ပါဝင်လာကြပါတယ် ... Transformers သိပ္ပံဇာတ်ကား၏ ဒုတိယ မြောက်ဇာတ်ကားဖြစ်သည့် Revenge of the Fallen ကို ၂ဝဝ၉ ခုနှစ်ကလည်းကောင်း၊ တတိယ မြောက်ဇာတ်ကား Dark of the Moon ကို ၂ဝ၁၁ ခုနှစ်ကလည်းကောင်း၊ စတုတ္ထမြောက်ဇာတ်ကား Age of ...
5.2
IMDB: 5.2/10 104,857 votes
movie

Transformers: The Last Knight (2017)

2017
4K HDR
Transformers: Age of Extinction (2014) 5.6
Transformers: Age of Extinction (2014) Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ် နေပြီးတော့၊အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လို တွေစခန်းသွားကြမယ်ဆိုတာ…….။ ~ Review Credit
5.6
IMDB: 5.6/10 297,765 votes
movie

Transformers: Age of Extinction (2014)

2014
4K HDR
Transformers: Dark of the Moon (2011) 6.2
Transformers: Dark of the Moon (2011) ဇာတ်လမ်းအကျဉ်းကတော့…….. စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။ ၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။ အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက် မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်……..။ ~ Review Credit
6.2
IMDB: 6.2/10 384,163 votes
movie

Transformers: Dark of the Moon (2011)

2011
4K HDR
Transformers (2007) 7
Transformers (2007) ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ်။ Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက်ချင်ပါတယ် ။Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြဝဠာကို စိုးမိုးချင်သူများပါ ။ Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်းကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် crash landing ကြောင့် အာတိတ်သမုဒ္ဒရာ ရေခဲအောက်မှာ ...
7
IMDB: 7/10 595,110 votes
movie

Transformers (2007)

2007
4K HDR
Angel Has Fallen (2019) 6.7
Angel Has Fallen (2019) ဒီရုပ်ရှင်ကတော့ အိုလံပတ်ဖောလန်း၊ လန်ဒန်ဖောလန်း ရုပ်ရှင်တွေရဲ့ အဆက်လို့ပြောလို့ရသလို ရသတစ်မျိုးခံစားရအောင် အဆင့်မြှင့်ထားတယ်လို့ ပြောရင်လည်းရပါတယ်.. သမ္မတလုပ်ကြံခံရတယ်၊ မိုက်ဘန်းနင်းက လိုက်ကယ်တယ်။ သို့ပေမယ့် ဘာကွာသွားလဲဆိုတော့ ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး မိုက်ဘန်းနင်းကြောင့် လုပ်ကြံခံရမှုကြီး အထမြောက်သွားတယ်လို့ တကမ္ဘာလုံးက ထင်အောင်ကို အကွက်ဆင်ခံလိုက်ရတာပါပဲ… မိုက်ဘန်းနင်းခဗျာ အစိုးရဘက်က လူတွေရန်ကလည်း လွတ်အောင် အသည်းအသန်ရှောင် ရသလို အချိန်မရွေးအသက်ပျောက်သွားနိုင်တဲ့ သမ္မတကြီးကိုလည်း ကယ်ဖို့အတွက် စက္ကန့်မလပ်ကြိုးစားရပါတယ်… အမိုက်စားအက်ရှင်ခန်းတွေ ဝေဝေဆာဆာပါသလို သုံးထားတဲ့ လက်နက်တွေ အခြားအထောက်အကူပြုပစ္စည်းတွေကလည်း အကုန် Upgrade ပါပဲ…ခံစားကြည့်ကြပါဦး… Review Credit to CM
6.7
IMDB: 6.7/10 17,303 votes
movie

Angel Has Fallen (2019)

2019
4K HDR
London Has Fallen (2016) 5.9
London Has Fallen (2016) ၂၀၁၃ ခုနှစ်က Olympus Has Fallen ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ London has fallen ရဲ့ဇာတ်လမ်းကတော့…… လက်နက်ရောင်းဝယ်ရေးနဲ့စီးပွားဖြစ်နေတဲ့ အကောင်ကြီးကြီး အကြမ်းဖက်သမားတစ်ယောက်က သူ့မိသားစုသေဆုံးမှုအတွက် ကမ္ဘာ့ခေါင်းဆောင်ကြီးတွေကို လန်ဒန်မှာ အစီအစဉ်တကျ လုပ်ကြံမှုပြုလုပ်ပါတယ်။ တကယ်တော့ အမေရိကန်သမ္မတကို ဦးတည်လုပ်ကြံတာဖြစ်ပြီး သမ္မတအား လုပ်ကြံသတ်ဖြတ်မှုကိုလဲ တစ်ကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီလိုလုပ်ကြံမှုကနေ အမေရိကန်သမ္မတကို သူ့ကိုယ်ရံတော်က ကယ်တင်ရပုံကို ဇာတ်ကြောင်းဖန်တီးထားတာပါ။ IMDb Rating (6.1/10) ရရှိထားတဲ့ Action, Crime, Thriller ဇာတ်ကားဖြစ်ပါတယ်။ review ကိုတော့ channel myanmar မှကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။
5.9
IMDB: 5.9/10 144,886 votes
movie

London Has Fallen (2016)

2016
4K HDR
Olympus Has Fallen (2013) 6.5
Olympus Has Fallen (2013) ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်.. Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့ အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။ Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲ သမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့ ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့ သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့ Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။ Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီး လေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။ ကားကို သတိထား မောင်းနေပေမယ့်လဲ ...
6.5
IMDB: 6.5/10 256,703 votes
movie

Olympus Has Fallen (2013)

2013
4K HDR
Kingsman: The Golden Circle (2017) 6.8
Kingsman: The Golden Circle (2017) ဒီဇာတ်ကားဟာ 2014 က ထွက်ခဲ့တဲ့ Kingsman: The Secret Service ရဲ့ အဆက်ဖြစ်ပါတယ်။ အက်စီဟာ Kingsman ရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်သူ ဟယ်ရီဟာ့ဒ် သေဆုံးသွားပြီးတဲ့နောက် ဂဲလာဟဒ်နာမည်နဲ့ပဲဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ လက်တဖက်ပြတ် ချာလီရဲ့ လုပ်ကြံမှုကနေ သီသီလေးလွတ်မြောက်ခဲ့ပေမယ့် အက်စီနဲ့ မာလင်ကလွဲရင် ကျန်တဲ့ Kingsman Agents အားလုံး လုပ်ကြံခံလိုက်ရပါတယ်။ အဲ့လိုနဲ့ အက်စီနဲ့ မာလင်တို့ Statesman ဆိုတဲ့အဖွဲ့အစည်းနဲ့ ချိတ်ဆက်မိပြီး သေပြီလို့ ယူဆထားခဲ့တဲ့ ဟယ်ရီဟာ့ဒ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီက အတိတ်မေ့နေပြီး Kingsman နဲ့ပတ်သက်သမျှ ဘာမှမသိတော့တဲ့အခါ သူ့ကို ပြန်ပြီး မှတ်ဉာဏ်ပေါ်လာအောင် နည်းမျိုးစုံကြိုးစားကြရင်း The Golden Circle ဆိုတဲ့ မူးယစ်အကြမ်းဖက်အဖွဲ့ရဲ့ လူသန်းပေါင်းများစွာသေစေနိုင်မယ့် အစီအစဉ်ကို ရပ်တန့်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ ဒီဇာတ်ကားဟာ 2014 ကထွက်ခဲ့တဲ့ Kingsman: The Secret Service ...
6.8
IMDB: 6.8/10 199,066 votes
movie

Kingsman: The Golden Circle (2017)

2017
4K HDR
Kingsman: The Secret Service (2014) 7.7
Kingsman: The Secret Service (2014) အထူးစံစမ်း စစ်ဆေးရေးအဖွဲ့ အဖြစ် သီးခြားရပ်တည်နေတဲ့ Kingsman အဖွဲ့ဟာ စစ်ဆင်ရေးတစ်ခုမှာ မထင်မှတ်ဘဲ စစ်ဆင်ရေးတစ်ခုမှာ Kingsman အဖွဲ့ဝင်တစ်ဦး ဆုံးရှုံးသွားရပါတယ်။ ဒါကြောင့်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟယ်ရီဟဒ် ဟာ သေဆုံးသွား တဲ့ အဖွဲ့ဝင်တစ်ဦးစီကို ဝမ်းနည်းကြောင်း ပြောပြပြီးတော့ တံဆိပ်ပြာလေးတစ်ခုကို ပေးခဲ့ပါတယ်။ အမေဖြစ်သူကလက်မခံခဲ့တဲ့အတွက် သူ့သားလေးဖြစ်တဲ့အဂ်ဆီကိုပေးလိုက်ပါတယ်။ ကာလအတန်ကြာလာတဲ့အခါ အဂ်ဆီရဲ့ပထွေး တပည့်တွေကို တန်ပြန်လုပ်ဖို့ဆိုပြီး သူ့တပည့်ကားကိုယူပြီးမောင်းရာမှ ရဲစခန်းကိုရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲကြုံနေတဲ့ အဂ်ဆီ တစ်ယောက် သူ့ကိုပေးခဲ့တဲ့ ဆုတံဆိပ်ပြားလေးကို မှတ်မိပြီး အကူအညီတောင်းလိုက်တဲ့အခါ.... ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဘဲဆက်လက်အားပေးကြပါခင်ဗျာ။
7.7
IMDB: 7.7/10 587,233 votes
movie

Kingsman: The Secret Service (2014)

2014
4K HDR
Wonder Woman 1984 (2020) 6.8
Wonder Woman 1984 (2020) ပရိတ်သတ်တို့စောင့်မျှော်နေကြတဲ့ WW84 ကို တင်ဆက်ပေးလိုက်ပါတယ် 2017 တုန်းက ထွက်ရှိခဲ့တဲ့ Wonder Woman ဇာတ်ကားကတော့ ပထမကမ္ဘာစစ် အချိန်ကာလအတွင်းကို ရိုက်ထားတာပါ အခု ဇာတ်ကားထဲမှာတော့ စစ်ပွဲတွေ ပြီးဆုံးသွားပြီး နောက် ဒိုင်ယာနာက ၁၉၈၄ ခုနှစ် အချိန်ကာလမှာ ‌ပုံမှန်ဘဝ လေးမှာ ပြတိုက်မှာ အလုပ်လုပ်လိုက် ရာဇဝတ်သားတွေကို ဆော်လိုက်နဲ့ အေးဆေးပဲနေထိုင်နေပါတယ် တစ်နေ့ FBI က ဒိုင်ယာနာ အလုပ်လုပ်တဲ့ ပြတိုက်ဆီကို မှောင်ခိုဈေးကွက်တစ်ခုကနေ သိမ်းဆည်းရရှိထားတဲ့ ရှေး‌ခေတ် ကျောက်တံုးေလးတစ်တံုး ကို သုတေသန ပြုဖို့ဆိုပြီး ပို့လိုက်ပါတယ် အဲဒီကျောက်တုံးလေးက ဒီဇာတ်ကားရဲ့ အဓိကဇာတ်အိမ်ပေါ့နော် ‌ဒီကားက အရင် ထွက်ခဲ့တဲ့ကားတွေ နဲ့ မတူတာ‌ေတာ့ ‌အသေအချာပဲ ပရိတ်သတ်တို့ ကြည့်တဲ့အခါအရသာပျက်နေမှာဆိုးတဲ့ အတွက် အရမ်းတော့ပြောမနေတော့ ဘူး အခုပဲ down ကြည့်လိုက်ကြတော့နော် Review ...
6.8
IMDB: 6.8/10 10,037 votes
movie

Wonder Woman 1984 (2020)

2020
Web-DL 1080p 6CH
A Tale of Legendary Libido (2008) 5.3
A Tale of Legendary Libido (2008) IMDb 5.3 ရထား ကိုရီးယား Fantasy/Comedy 18+ တကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက လိင်ဆက်ဆံ ခန်းတွေ ဖောခြင်သောခြင်း ပါဝင်နေတာမို့ မိသားစုနဲ့ ကြည့်ကြဖို့တော့ကြိုတင်ပြောထားပါရစေ ဗျ ဇာတ်လမ်း အကျဉ်းလေးကတော့ ငယ်စဉ်ကတည်းက မိဘဖြစ်သူ တွေ မရှိတော့လို့ အစ်ကို ဖြစ်သူနဲ့သာကြီးပြင်းနေထိုင်ခဲ့ရတဲ့ ဗြောင် ဆိုတဲ့ကောင်လေး ငယ်စဉ်ကတည်းက အစ်ကိုဖြစ်သူနဲ့ မတူပဲ အင်္ဂါသေးပြီး ဗုဒ္ဓဟူးကြီးနေတဲ့ကောင်လေး ဒီလို နဲ့ တနေ့မှာ ကံကြမ္မာက လှည့်စားလာတော့ ရှေးနှစ်ပေါင်း များစွာကတည်းက ဖော်စပ်ထားတဲ့ ဆေးတော်ကြီး နဲ့ တွေ့ လိုက်တဲ့ အခါမှာတော့မြုံနေတဲ့ပန်းကြီးပွင့်လန်းလာခဲ့ပြီး တစ်နေ့မှာတော့ စစ်မူထမ်းဖို့ တစ်အိမ်တစ်ယောက် ယောကျာ်း တွေ စစ်ထဲပါသွားရာမှာတော့ တစ်ရွာလုံးက မိန်းမတွေက အေးမြမူကို ရှာဖွေရာမှ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့……. Review Credit လိင်ဆက်ဆံခန်းတွေ ဖောခြင်းသောခြင်းပါနေတာမို့ မိသားစုနဲ့မကြည့်ကြဖို့ ထပ်ပြောလိုက်ပါရစေ …………..။
5.3
IMDB: 5.3/10 586 votes
movie

A Tale of Legendary Libido (2008)

2008
BluRay 1080p 6CH
The Man Standing Next (2020) 7
The Man Standing Next (2020) BASED ON TRUE EVENT (ဖြစ်ရပ်မှန်အားအခြေခံထားသည်) ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ကားဖြစ်ပြီး The President last bang ဆိုတဲ့ ဇာတ်ကားထွက်ပြီး နောက်ပိုင်းမှာ ပြန်လည်အမွန်းတင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ အားလုံးစိတ်ဝင်တစားရှိမယ့်အကြောင်းအရာဖြစ်ခဲ့တဲ့ Taxi Driver , May 18 တို့လို နိုင်ငံရေးတော်လှန်မှုတွေ ဖြစ်တဲ့အချိန်ကို ပြန်လည်ရိုက်ကူးတင်ပြထားပြီးတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေးမတည်ငြိမ်မှုသမိုင်းတွေကို ပြန်လည်တွေ့မြင်ရမှာပါ။ မင်းသားကြီး လီဗျောင်ဟွန်းအပြင် အခြားသော ဝါရင့်သရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားပြီး စစ်တပ်အာဏာသိမ်းခြင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းစပ်ကြား ဒီမိုကရေစီပြောင်းလဲနိုင်ရေးကြိုးပမ်းနေတဲ့ကာလကိုလည်း ရိုက်ကူးပြသထားပါတယ်။ အမေရိကန်နဲ့ ကိုရီးယားအကြားမှာ တင်းမာမှုတွေ ဒီမိုကရေစီ ဆိုင်းဘုတ်ပြကာ နိုင်ငံရေး ချယ်လှယ်မှုတွေနဲ့ ထောက်လှမ်းရေးပိုင်းဆိုင်ရာ ရက်စက်မှုတွေ နိုင်ငံရေးလှည့်ကွက်များစွာကိုလည်းတွေ့မြင်ရမှာပါ။ ၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက် သမ္မတကြီး ပတ်ချောင်ဟီး ဆိုသူလုပ်ကြံခံရတဲ့အချိန်မတိုင်ခင်ရက် ၄၀ အတွင်းမှာဖြစ်ပျက်ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားတာပါ။ သမ္မတပတ်ချောင်ဟီး ၁၉၆၃ ခုနှစ်ကနေ ၁၉၇၉ အထိ ...
7
IMDB: 7/10 1,560 votes
movie

The Man Standing Next (2020)

2020
BluRay 1080p 6CH
Dirty Grandpa (2016) 5.9
Dirty Grandpa (2016) IMDb Rating (5.9/10) ထိရရှိထားတဲ့ Comedy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ မြေးတွေထက် ခေတ်ရှေ့ပြေး လန်းနေတဲ့ အဘိုးက ဘဝကိုရိုးရိုးစင်းစင်းဖြတ်သန်းနေတဲ့မြေးတော်မောင်ကို ဘဝဆိုတာ ရိုးစင်းခြင်းထက်ပိုမိုကြောင်း လက်တွေ့ပြတဲ့ ဟာသဆန်ဆန်ဇာတ်ကားပါ။ ဘဝမှာ အမှားတွေရှိမယ်…အမှန်တွေရှိမယ်…ဒါတွေကိုလိုက်ဖက်ညီစွာခံစားဖို့ လွတ်လပ်တဲ့ နှလုံးသားတစ်စုံလိုအပ်ကြောင်း ချပြထားပါတယ်။ အလန်းဇယားဘိုးတော်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Robert De Niro ကို The Intern ဇာတ်ကားမှာလဲ အတော်သဘောကျမိသလို ဒီဇာတ်ကားမှာလဲ နှစ်ခြိုက်မိပါတယ်။ Comedy ဇာတ်ကားကြိုက်သူများလက်မလွတ်သင့်တဲ့ဇာတ်ကားပါ။ Review Credit
5.9
IMDB: 5.9/10 112,640 votes
movie

Dirty Grandpa (2016)

2016
BluRay 1080p 6CH
Pacific Rim: Uprising (2018) 5.7
Pacific Rim: Uprising (2018) ပစိဖိတ်ရွင်းရဲ့ဒုတိယမြှောက်ကားလေးဖြစ်ပြီး 2018 ခုနှစ်မှာထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပထမဆုံးဇတ်ကားကိုတော့ 2013 ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပြီး ယခုပရိတ်သတ်ရှေ့ကိုငါးနှစ်ကြာပြီးမှဒုတိယဇတ်လမ်းကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့ ရေဂါလို့ခေါ်တဲ့စက်ရုပ်ကြီးတွေပူးပေါင်းတိုက်ခိုက်မှုကြောင့် ဂြိုလ်သားတွေဝင်ရောက်တဲ့တွင်းပေါက်ကြီးကိုပိတ်နိုင်ခဲ့တာ ၁ဝနှစ်ကျော်အနေအထားနဲ့ဇာတ်အိမ်ကို စတင်ထားပါတယ်။ တွင်းပေါက်ကြီးပိတ်သွားခဲ့ပေမယ့်အပျက်အစီးတွေကတော့ပြုပြင်ဆဲဖြစ်တဲ့ အနေအထားမှာပစိဖိတ်ကမ်းခြေစောင့်တပ်ဖွဲ့ကနေပြီးရေဂါတွေတိုက်ခိုက်ထားတဲ့စွန့်ပစ်နေရာကို ကာကွယ်ယူထားရပါတယ်။အကြောင်းအရင်းကတော့ရေဂါထဲကအစိတ်အပိုင်းတွေကိုခိုးယူရောင်းချ မှုတွေဆက်တိုက်ဖြစ်နေတာကြောင့်ပါ.တစ်ချို့ကလည်းကိုယ်ပိုင်ရေဂါတွေပြန်လည်တည်ဆောက် နေကြလို့အခုလိုလုံခြုံရေးတွေယူထားတဲ့အနေအထားဖြစ်ပါတယ်။တစ်ဖက်မှာလည်းရေဂါမောင်းနှင် သူပိုင်းလောဒ့်တွေက နှစ်ဦးမောင်းနှင်ရတဲ့စနစ်ကိုလည်းဆက်လက်ပြီးပြသနာတစ်ခုအဖြစ်ရှိနေဆဲပါ ဒီလိုပြသနာတွေကိုဖြေရှင်းဖို့အတွက်တရုတ်ပြည်မှာရှိတဲ့ရှောင်စက်မှုလုပ်ငန်းကနေပြီးတော့ ပိုင်းလော့ဒ်တစ်ယောက်တည်းမောင်းနှင်နိုင်တဲ့အဝေးထိန်းဒရုန်းတွေကိုအစားထိုးဖို့လုပ်ဆောင် လာပါတယ်။ဒီလိုအစားထိုးဖို့လုပ်ဆောင်နေစဉ်အချိန်မှာဘဲမမျှော်လင့်တဲ့ပြသနာတစ်ချို့့ပေါ်ပေါက်လာတယ်။ ဒီလိုမမျှော်လင့်ဘဲဖြစ်လာတဲ့ပြသနာတွေကိုတော့ ......ဇာတ်ကားလေးကိုကြည့်ရှုရင်းဆက်လက်အားပေးပါ ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကိုတော့ Burmese Subtitle Team မှပြန်ထားတာဖြစ်ပါတယ်)
5.7
IMDB: 5.7/10 66,378 votes
movie

Pacific Rim: Uprising (2018)

2018
4K HDR
Pacific Rim (2013) 6.9
Pacific Rim (2013) ပစိဖိတ်သမုဒ္ဒရာရဲ့အောက်ခြေကနေပြီးတစ်ခြားကမ္ဘာကနေဂြိုလ်သားမျိုးနွယ်စုတွေက ကမ္ဘာကိုဝင်ရောက် တိုက်ခိုက်ရာကနေပြီးဇတ်အိမ်တည်ထားပါတယ်။ဒီလိုမျိုးတိုက်ခိုက်တဲ့သတ္တဝါတွေကို ကိုင်ဂျူလို့ခေါ်ကြတယ် ကိုင်ဂျူတွေကိုတန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက်လူသားများဟာနိုင်ငံအသိီးသီးစုပေါင်းပြီးတော့ရေဂါလို့ခေါ်တဲ့ စက်ရုပ်ကြီးများကိုဖန်တီးပြီးတော့တန်ပြန်ခုခံတိုက်ခိုက်ပါတော့တယ်။အချိန်ကြာလာတဲ့အမျှကိုင်ဂျူတွေဟာ မိနစ်ပိုင်းလောက်သာခြားပြီးတစ်ကောင်ပြီးတစ်ကောင် ပစိဖိတ်သမုဒ္ဒရာကနေထွက်လာပါတော့တယ်၊ ဒီတော့လူသားမျိုးတွေဘဲပျက်သုဉ်းသွားမလား ၊ ကိုင်ဂျူတွေကိုဘဲခုခံတိုက်ခိုက်နိုင်မလားဆိုတာကိုဇတ်လမ်း ထဲမှာတစ်ဝကြီးကြည့်ရှုခံစားနိုင်ပါသည်။ Quality ကိုလည်း Blu-ray ကိုမှ4K 1080p  နှင့် 720p ကိုထားပေးထားပါတယ်။
6.9
IMDB: 6.9/10 463,485 votes
movie

Pacific Rim (2013)

2013
4K HDR